ပါးစပ်ထဲမှ မိုဘိုင်းဖုန်း ပြန်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်

ကြံကြံဖန်ဖန် ဖြစ်ပွားခဲ့တဲ့ ပါးစပ်ထဲကနေ ဖုန်းကို ခက်ခက်ခဲခဲ ပြန်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်တစ်ခု အာဖရိ က မှာ ဖြစ်ပွားခဲ့ပါတယ်။

ပါးစပ်ထဲ ဖုန်းဝင်သွားတဲ့ အမျိုးသားကိုတော့ ဘယ်သူဘယ်ဝါ လို့ အတိအကျ ဖော်ပြထားခြင်း မရှိပေမယ့် ဒါဟာ တောင်အာဖရိကနိုင်ငံ၊ Klerksdorp ရဲ့ ဆေးရုံတစ်ခုမှာ ဆရာဝန်တွေ ကြိုးစားပြီး ပြန်ထုတ်ပေးခဲ့ရ တဲ့ တကယ့် ဖြစ်ရပ်ပါ။

ကြားရသူ တစ်ချို့ကတော့ ရယ်ကြပါတယ်။ အကြောင်းကတော့ ဖုန်းကို ပါးစပ်ကနေ ဆွဲထုတ်ဖို့အတွက် သတ္တု ပစ္စည်းတွေကို သုံးခဲ့ရပါတယ်။ ဘယ်လို ခက်ခက်ခဲခဲ ဆွဲထုတ်ခဲ့ရတယ်ဆိုတာကိုတော့ ဒီ ရုပ်သံမှာ ကြည့်နိုင်ပါတယ်။

အဆိုပါ ရုပ်သံဟာ Edwin Shingo ကနေ၂၀၁၂ ခုနှစ်တုံးက ရိုက်ကူးထားခြင်း ဖြစ်ပြီး ဒီတစ်ပတ်အတွက် ရုပ်သံအဖြစ် LiveLeak ကနေ ပြန်တင်ဆက်ထားခြင်း ဖြစ်ပါတယ်။

စမတ်ဖုန်း တစ်ခုလုံး ပါးစပ်ထဲ ဘယ်လို ရောက်သွားတယ် ဆိုတာကိုတော့ သေချာ ရှင်းရှင်းလင်း လင်း ပြောပြထားခြင်း မရှိပါဘူး။

၂၀၀၅ ခုနှစ်တုံး ကတော့ အမေရိကန် အမျိုးသား တစ်ဦးကိုတော့ သူ့ရဲ့ ချစ်သူဟောင်းနဲ့ စကားများနေစဉ် အတွင်း သူမရဲ့ လည်ချောင်းထဲကို ဖုန်းဝင်သွားအောင် ပြုလုပ်ခဲ့တဲ့အတွက် ပြစ်ဒဏ်ပေးခဲ့ဖူးပါတယ်။



World Myanmar News

မှတ်ချက်များ