![]() |
| ဇွန်လ ၁၄ ရက်က ဟောင်ကောင်ဥပဒေ ပြုကောင်စီရုံးပြင်ပ ထိပ်တိုက်တွေ့ဆုံမှု တွင် ရဲတပ်ဖွဲ့ မဖမ်းဆီးမီ ကြွေးကြော်သံ များအော်ဟစ်နေသော ကန့်ကွက်ဆန္ဒပြ သူများ (Bobby Yip/REUTERS) |
ဟောင်ကောင် ရဲတပ်ဖွဲ့သည် အိမ်ရာစီမံကိန်း သစ် တည်ဆောက်မည့် အစီအ စဉ် ဆန့်ကျင်ကာ အစိုးရဌာန ချုပ်ရုံးတွင် ဆန္ဒပြခဲ့သူများကို ငရုတ်ရည်များ ပက်ဖျန်း၍ လူစုခွဲ ခဲ့ပြီး လူ ၂၁ ဦးကို ဖမ်းဆီးခဲ့သည်။
ဟောင်ကောင်အစိုးရဌာန ချုပ်ရှေ့တွင် ဆန္ဒပြသူများမှာ လူဦးရေ ၉၀၀ ကျော်ရှိခဲ့ပြီး အချို့ မှာ ရုံးထဲသို့ဝင်ရန် ကြိုးပမ်းခဲ့သ ဖြင့် ရဲက ထိုသို့လူစုခွဲခဲ့ခြင်းဖြစ် သည်။
ဆန္ဒပြသူများက အစိုးရ သည် မြို့သစ်စီမံကိန်းလုပ်ခြင်း အားဖြင့် ကျေးရွာသားများ ပိုင် ဆိုင်သော လယ်ယာမြေများကို ဆောက်လုပ်ရေးကုမ္ပဏီများ လက်ထဲသို့ လွှဲပေးခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ရုပ်သံပြကွက်များတွင် ဆန္ဒ ပြသူများ ဟောင်ကောင်တရား ရေးကောင်စီ ရုံးဝင်ပေါက်သို့ တိုး ဝှေ့ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြ သည်ကို တွေ့ရသည်။
ဆန္ဒပြသူများက အဆောက် အအုံထဲဝင်ရန် အတင်းတိုးဝှေ့လာပြီး မှန်တံခါးကို ရိုက်ခွဲခဲ့ရာတွင် အတွင်းမှ ရဲတပ်ဖွဲ့ဝင်များက ငရုတ်ရည်ဖြင့် ပက်ဖျန်းကာ လူစု ခွဲရန် ကြိုးပမ်းခဲ့ကြသည်။
ထို့နောက် ဆန္ဒပြသူ ၂၀၀ ခန့်မှာ ရုံးအပြင်ဘက်တွင် ထိုင် သပိတ် ဆက်လက်ဆင်နွှဲခဲ့ရာ ရဲ က လူစုခွဲခဲ့ပြီး အချို့ကို ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။
ဟောင်ကောင်တွင် အိမ်ရာ များ ရှားပါးနေပြီး အိမ်ခန်းများ ဈေးမြင့်မားနေမှုမှာ ပြဿနာတစ်ရပ်ဖြစ်လာနေပြီး အစိုးရခေါင်းဆောင် လျန်ချွန်ယင်းမှာ ၎င်းရာထူး စတင်ရယူသည့် ၂၀၁၂ မှစ၍ အိမ်ရာများ တိုးမြှင့်တည်ဆောက်ရေးကို ဦးစားပေးလုပ်ငန်း တစ်ရပ်အဖြစ် စတင်လုပ်ဆောင်လာခဲ့သည်။
7daydaily

မှတ်ချက်များ