ဗြိတိန်ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်


အသက် (၃၉)နှစ်ရှိပြီ ဖြစ်တဲ့ ရက်ဖို့ဒ် ဟာ လက်ရှိအချိန်မှာ သားကိုးဦး၊ သမီးခုနစ်ဦး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ရက်ဖို့ဒ်ဟာ နောက်ထပ် ရင်သွေးတစ်ဦး ထပ်မွေးဖွားဖို့ ကိုယ်ဝန်ဆောင်ထားရတာမို့ ကလေးပေါင်း (၁၇)ဦးကို ပိုင်ဆိုင်ထားရတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် ရက်ဖို့ဒ်ကို ဗြိတိန် ရဲ့ ကလေး အမွေးနိုင်ဆုံး မိခင်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်ပါတယ်။ ရက်ဖို့ဒ်ရဲ့ သမီးဖြစ်သူ ဆိုဖီယာ ကလည်း ကိုယ်ဝန်ဆောင် ထားရပါတယ်။

ရက်ဖို့ဒ်ဟာ နိုဝင်ဘာလမှာ မွေးဖွားဖို့ မှန်းထားပြီး သမီးဖြစ်သူ ဆိုဖီယာက သီတင်းကိုး ပတ်စောပြီး မွေးဖွား လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ရက်ဖို့ဒ်ဟာ (၁၇)ဦး မြောက် ကလေး ကို ပိုင်ဆိုင်ရမှာ ဖြစ်ပေမယ့် သမီးဖြစ်သူနဲ့ လပိုင်းလောက်သာခြားပြီး မွေးဖွားရမှာဖြစ် လို့ မပျော်မရွှင် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆို တော့ ရက်ဖို့ဒ်ဟာ သူ့ရဲ့မြေးကို အပြည့်အ၀ ပြုစုစောင့်ရှောက်ခွင့်မရမှာကို စိုးရိမ်နေခြင်း ဖြစ်ပါတယ်။

ရက်ဖို့ဒ် ဟာ ကလေးတစ်ယောက် မွေးပြီးတိုင်း နောက်ထပ် ကလေးမယူတော့ဘူး လို့ အကြိမ်ကြိမ်ပြော ခဲ့ပေမယ့် အခုဆိုရင် (၁၇)ဦးမြောက် ကလေးကိုတောင် ပိုင်ဆိုင် ရတော့မှာ ဖြစ်ပါတယ်။ ရက်ဖို့ဒ်ရဲ့ ကလေး တွေဟာ အသက် (၂၅)နှစ်၊ (၂၀)နှစ်၊ (၁၈) နှစ်၊ (၁၇)နှစ်၊ (၁၅)နှစ်၊ (၁၃)နှစ်၊ (၁၂)နှစ်၊ (၁၁)နှစ်၊ (၁၀)နှစ်၊ (၉)နှစ်၊ (၈)နှစ်၊ (၇) နှစ်၊ (၅)နှစ်၊ (၄)နှစ်၊ (၂)နှစ်နဲ့ (၁)နှစ် အရွယ် အသီးသီးရှိနေကြပြီဖြစ်ပါ တယ်။

ရက်ဖို့ဒ် ဟာ လန်ကတ် ရှိုင်းယားဒေသရှိ အိပ်ခန်းကိုးခန်းပါကလေးပြုစုထိန်းသိမ်းရေး ကျောင်း ဟောင်း မှာ နေထိုင်ပြီး တစ်နေ့ အတွက် ချက်ပြုတ်ရတဲ့ အစားအစာက ပေါင်မုန့် အကြီး သုံးလုံး၊ ကွေကာအုပ် နှစ် ဗူး၊ နွားနို့ (၁၈) ပန့်၊ ၀က်သား (၁၆)ခွက်၊ အာလူး (၁၅) ပေါင်၊ ဂေါ်ဖီ ထုပ်သုံးထုပ်နဲ့ မုန်လာဥ (၃၀) ချောင်း တို့ ဖြစ်ကြပါ တယ်။ ရက်ဖို့ဒ်ဟာ မိသားစုတွေ စုဝေးပြီး ပျော်ပါးစွာနေထိုင်ရတာကို သဘောကျမိကြောင်း ဆိုခဲ့ပါတယ်။


အေသင်အောင် | Messenger

မှတ်ချက်များ