အသက် ၆ဝနောက်ပိုင်း အဖြစ်များတဲ့ အရိုး ကျီးပေါင်း မဖြစ်အောင် ခန္ဓာကိုယ်အနေအထား မှန်အောင် နေဖို့က အရေးအကြီးဆုံးဖြစ်ပြီး ရော ဂါဖြစ်လာရင်တော့ ပြွန်အသေးစားထည့်ခွဲတဲ့နည်း၊ လေဆာဓာတ်ရောင်ခြည်အသုံးပြုပြီး ခွဲစိတ်နည်းတွေရှိ တယ်လို့ မလေးရှားမှာ ဆေးကုသနေတဲ့ ဆရာဝန်ကြီးက ဆိုပါတယ်။
ကုသနည်းကတော့ နိုင်ငံတကာမှာ အတူတူပဲဖြစ်ပြီး နည်းပညာကွာဟမှုလည်း တဖြည်းဖြည်း ပျောက်သွား မယ်လို့ ဆရာဝန်ကြီးက ဆိုပါတယ်။
ဝိတိုရိယဆေးရုံမှာ ဇွန် ၁ရက်နေ့က ပြုလုပ်တဲ့ ဒီဟောပြောပွဲကို တာဝန်ယူစီစဉ်တဲ့ ဒေါက်တာ သိဂီ င်္ဝင်းက အရိုးကျီးပေါင်းဟာ မြန်မာပြည်မှာ အဖြစ်များတဲ့ရောဂါဖြစ်လို့ ဒီလိုဟောပြောပွဲစီစဉ်တာဖြစ်ပြီး သူတို့ဆေး ရုံက နှုတ်ခမ်းကွဲ အာခေါင်ကွဲတွေကို အခမဲ့ခွဲစိတ်ခဲ့သလို လာမယ့် အောက်တိုဘာမှာလည်း ထပ်လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။
အရိုးကျီးပေါင်း ဟောပြောပွဲကို Stadneuron အာရုံကြော အားဆေးကုမ္ပဏီက ကူညီပံ့ပိုးပေးခဲ့တာဖြစ်ပြီး စိတ်ပါဝင်စားသူ ၅ဝလောက် တက်ရောက်ခဲ့ပါတယ်။
kamayutmedia

မှတ်ချက်များ