ပြစ်ဒဏ်စေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှ မောင်တောနယ်စပ်သို့ တရား မ၀င် ၀င်ရောက်လာမှုကြောင့် ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီး ပြစ်ဒဏ်စေ့ ၍လွတ်မြောက်လာသူ ဘင်္ဂလား ဒေ့ရှ်နိုင်ငံသား ၃၂ ဦးကို ဇွန်လ နံနက် ၉နာရီခွဲ က မောင်တောမြို့ ၀င်ထွက်စခန်းမှ ဘင်္ဂလားဒေ့ ရှ် နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ကြောင်း ခရိုင်လ၀က ဦးစီးဌာနမှူးရုံးမှ သတင်းရရှိသည်။


ပြစ်ဒဏ်စေ့ လွတ်မြောက် လာသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၃၂ ဦးမှာ စစ်တွေအကျဉ်းထောင် မှ ၈ ဦးနှင့် ဘူးသီးတောင်အကျဉ်း ထောင်မှ ၂၄ ဦးဖြစ်ကြောင်း သိရသည်။ ပြစ်ဒဏ်စေ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အကျဉ်းသားများ လွှဲပြောင်းပေးနိုင်ရန် မောင်တောခရိုင်လ၀ကဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဦးစောနိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနက်ဖ်ခရိုင်ခွဲ အခြေစိုက် အမှတ် (၄၂) နယ်ခြားစောင့်တပ် (BGB) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အဘူဇာအယ်ဇာဟိတို့ နှစ်နိုင်ငံချစ်ကြည်ရေးကို ဦးတည်၍ အပြန်အလှန် ဆက်သွယ်ညှိနှိုင်းလွှဲပြောင်းပေးခြင်းဖြစ်ကြောင်း ဦးစောနိုင်က ပြောသည်။

နှစ်နိုင်ငံပြစ်ဒဏ်စေ့အကျဉ်း သားလွှဲပြောင်းခြင်းအခမ်းအနား သို့ မောင်တောမြို့နယ် လ၀က ဦးစီးဌာနမှူး ဦးစီးအရာရှိဦးသန်း ထွန်းလေးဦးဆောင်ကာ ပြုလုပ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်ခြားစောင့်တပ်မှ Subeder Md Zak-aria (Company Commander, Takanf) ဦးဆောင်သော အဖွဲ့ဝင် ၁၀ ဦးတို့က ၎င်းတို့နိုင်ငံသား များကိုစပီဘုတ်များဖြင့် ခေါ်ဆောင်သွားခဲ့သည်။

အဆိုပါ ပြစ်ဒဏ်စေ့ဘင်္ဂ လားဒေ့ရှ်နိုင်ငံသားများ လွှဲပြောင်းပေးရန်အတွက် ဇွန်လ ၇ ရက် တွင် တစ်ကြိမ်၊ ဇွန်လ ၁၀ ရက် တွင် တစ်ကြိမ်ဆောင်ရွက်ခဲ့ သော်လည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်မရသည့်အ တွက် ယနေ့မှ လွှဲပြောင်းခြင်းဖြစ်သည်။ မောင်တောနယ်စပ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၃ ခုနှစ် ဇူလိုင်လမှ ယနေ့အထိ ပြစ်ဒဏ်စေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအကျဉ်းသား ၁၃၉ ဦးကို လွှဲပြောင်းပေးထားပြီဖြစ်ကာ ဘူးသီးတောင်အကျဉ်းထောင်တွင် ကျန်ရှိနေသေးသည့် ပြစ်ဒဏ်စေ့ အကျဉ်းသား ၅၅ ဦးကိုလည်း ခရိုင်လ ၀ကဦးစီးမှူးမှ သွားရောက်စိစစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင် ရွက်နေကြောင်း ဦးစောနိုင်က ဆက်လက် ပြောကြားသည်။



မောင်ကံ | 7daydaily

မှတ်ချက်များ