![]() |
| ပုဂ္ဂလိကဘဏ်ငွေလဲကောင်တာတစ်ခု (ဓာတ်ပုံ - နစ်ကီ) |
နိုင်ငံခြားငွေလုပ်ငန်း လိုင်စင်များတွက် ပုဂ္ဂလိကဘဏ် များကို ကောက်ခံသည့်အတိုင်း အစိုးရဘဏ်များ ကိုလည်းဇူလိုင် ၁ရက်မှစတင်ကောက်ခံမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သ တင်းရရှိသည်။
နိုင်ငံပိုင်ဘဏ်များမှာလက် ရှိကာလအထိ အဆိုပါနှုန်းထား များကို ပေးဆောင်စရာမလိုဘဲ လုပ်ဆောင်နေသော်လည်းဗဟို ဘဏ်သည်အစိုးရမဟုတ်သော သီးသန့်အဖွဲ့အစည်းအဖြစ်ရပ် တည်နေ ချိန်၌ ဘဏ်များအားလုံး တစ်ပြေးညီအခွင့်အရေးရရှိစေရန် ယခုကဲ့သို့လုပ်ဆောင်လိုက်ခြင်း ဖြစ်သည်။
‘‘ဒီလိုသတ်မှတ်လိုက်တာ က မကြာမီမှာ နိုင်ငံခြားဘဏ် တွေလည်း ၀င်လာမှာဆိုတော့သူ တို့တွေ ထောက်ပြစရာဖြစ်မှာစိုးလို့ တစ်ပြေးညီသတ်မှတ်လိုက်တာပါ’’ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
နိုင်ငံခြားသုံးငွေများရောင်း ၀ယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်(သို့မဟုတ်)နိုင်ငံခြားငွေ များ ၀ယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ကိုင်ဆောင်ထားသောနိုင် ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ် များ၊ ဟိုတယ်များနှင် ဘဏ်မ ဟုတ်သော အဖွဲ့အစည်းများအား လုံးအနေဖြင့် လိုင်စင်ဆိုင်ရာကန ဦးလျှောက် ထားခြင်း၊သက်တမ်း တိုးခြင်း၊ သက်တမ်းတိုးနောက်ကျ လျှောက်ထားခြင်း၊ လုပ်ငန်းတိုး ချဲ့ဆောင် ရွက်ခြင်းတို့အတွက် လိုင်စင်ကြေးနှုန်းထားများကို ဇူ လိုင် ၁ ရက်မှစကာ သတ်မှတ် ကောက်ခံမည်ဖြ စ်သည်။
နိုင်ငံခြားသုံးငွေများရောင်း ၀ယ်ဖောက်ကားသည့်လုပ်ငန်း လိုင်စင်လုပ်ကိုင်သူများသည် ကန ဦးလိုင် စင်ကြေးကျပ် သိန်း ၂၀၊ ငါးနှစ်တစ်ကြိမ်သက်တမ်းတိုး ကြေးကျပ်သုံးသိန်း၊ သက်တမ်းတိုးနောက်ကျခြင်း အတွက် ဒဏ်ကြေးတစ်လလျှင်ကျပ်ငါး သောင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်းအတွက် ကျပ်တစ်သိန်းကျသင့် မည် ဖြစ်သည်။
ယခင်က နိုင်ငံပိုင်ဘဏ်များ မှာ နိုင်ငံခြားသုံးငွေများရောင်း ၀ယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင် (သို့မဟုတ်)နိုင်ငံခြားငွေ များ ၀ယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်များအတွက် ကနဦးကျ သင့်ငွေမှာ ကျပ်ငါးသိန်းသာဖြစ် သည်။
နိုင်ငံခြားငွေများဝယ်ယူလက်ခံ၊ ၀ယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်ရရှိသော ဟိုတယ်များနှင့် ပုဂ္ဂလိက ဘဏ်များမှာ ကနဦး လိုင်စင်ကြေးကျပ်ငါးသိန်း၊ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးကြေးကျပ်နှစ်သိန်း၊ သက် တမ်းတိုး နောက်ကျခြင်းအတွက် ဒဏ်ကြေးတစ်လလျှင် ကျပ်ငါးသောင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်းအတွက် ကျပ်ငါးသိန်းကျသင့်မည်ဖြစ်သည်။
နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရသော ဘဏ်မဟုတ်သည့် အဖွဲ့အစည်းများမှာ ကနဦးလိုင်စင်ကြေးကျပ်ဆယ်သိန်း၊ ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးကြေးကျပ်နှစ်သိန်း၊ သက်တမ်း တိုးနောက်ကျခြင်းအတွက် ဒဏ်ကြေးတစ်လလျှင် ကျပ်ငါးသောင်းနှင့် လုပ်ငန်းတိုးချဲ့ခြင်းအတွက် ကျပ်ငါးသိန်းကျသင့်မည်ဖြစ်သည်။
ထို့အပြင် နိုင်ငံခြားငွေ လဲ လှယ်မှုလက်ခံသူနှင့် နိုင်ငံခြားငွေ ကိုင်ဆောင်မှုလိုင်စင်ပြုလုပ်သူ များမှာ ကနဦးလိုင်စင်ကြေးကျပ် သုံးသိန်း၊ ငါးနှစ်တစ်ကြိမ်သက် တမ်းတိုးကြေး ကျပ်တစ်သိန်း၊ သက်တမ်း တိုးနောက်ကျခြင်းအ တွက်ဒဏ်ကြေးတစ်လလျှင် ကျပ် နှစ်သောင်းသတ်မှတ်ထားသည်။
ထို့အပြင် ယခင်က သက် တမ်းတိုးကင်းလွတ်ခွင့်ရရှိထား သည့် နိုင်ငံခြားငွေများဝယ်ယူ ရောင်းချ ခွင်လိုင်စင်ကိုင်ဆောင် ထားသည့် ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများသည် ဟို တယ်များ၊ ပုဂ္ဂလိကဘဏ်များ နည်းတူ ငါးနှစ်တစ်ကြိမ်သက်တမ်းတိုးရမည်ဖြစ်ပြီး နောက်ကျ ဒဏ်ကြေး များလည်းကောက်ခံ မည်ဖြစ်သည်။
သိမ့်သိမ့်စိုး | 7daydaily

မှတ်ချက်များ