မျိုးပွားမှုနှုန်းမြှင့်တင်ရန် ဆေးခြောက် သုံးစွဲခြင်းရပ်ပါ


မိသားစုတစ်စု တည်ဆောက်ဖို့ စီစဉ်နေပါသလား။ အထူးသဖြင့် သင်ငယ်ရွယ်စဉ်အချိန်တွင် ဆေးခြောက် သုံးစွဲမှုကြောင့် သင့်၏ မျိုးပွားနိုင်မှုကို အန္တရာယ်ဖြစ်စေသဖြင့် ဆေးခြောက်သုံးစွဲခြင်းကို ယခုချက်ချင်း ရပ်လိုက်ပါ။

လူငယ်လူရွယ်များ ဆေးခြောက်သုံးစွဲပါက သုက်သွေးထုတ်လုပ်မှုပုံစံနှင့် အရွယ်ပမာဏကို ထိခိုက်စေနိုင်ကြောင်း သုတေသနပြုချက်အသစ်တစ်ခုအရ သိရသည်။ ရှက်ဖီးလ်တက္ကသိုလ်နှင့် မန်ချက်စတာတက္ကသိုလ်တို့မှ သုတေသနအဖွဲ့များကလည်း ဆေးခြောက်သုံးစွဲသူများထံမှ နွေရာ သီကာလများအတွင်း နမူနာ ထုတ်ယူထားသော သုက်သွေးများ၏ အရွယ်ပမာဏနှင့် ပုံစံပိုဆိုးလာကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြသော်လည်း လိင်ဆက်ဆံခြင်းမှ ခြောက်ရက်ကျော်ရှောင်ကြည်ထားသော အမျိုးသားများ တွင်မူ ပိုကောင်းကြောင်း လေ့လာတွေ့ရှိခဲ့သည်။

ကောက်ချက်ချနိုင်ရန်အတွက် သုတေသီများက မျိုးပွားမှု ဆိုင်ရာဆေးခန်း ၁၄ ခုမှ အမျိုးသား ၂၂၄၉ ဦးကို ခေါ်ယူကာ ၎င်းတို့၏ ဆေးကုသမှုရာဇ၀င်နှင့် လူနေမှုဘ၀ပုံစံမေးခွန်းများကို အသေးစိတ်ဖြေ ကြားစေခဲ့သည်။

သာမန်ထက် သုက်ပိုး လေးရာခိုင်နှုန်းလျော့၍ ထုတ်လွှတ်သော အမျိုးသားများမှာ နွေရာသီများအတွင်း နမူနာသုက်ပိုးနှစ်ဆခန့် ထုတ်လုပ်ဖွယ်ရှိသည်(သို့) ပါက ၎င်းတို့သည်အသက် (၃၀) အောက်ဖြစ်ပါက သုက်သွေး မထုတ်မီသုံးလအတွင်း ဆေးခြောက်သုံးထားသူများဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သို့သော်ဆေးလိပ်သောက်ခြင်း(သို့) အရက်သောက်ခြင်းတို့ အပါအ၀င် အမျိုးသားများဖြေကြား ခဲ့သော တွေ့မြင်နေကျ လူ နေမှုဘ၀ပုံစံအချက်အလက်များကလည်း အနည်းငယ်အကျိုး သက်ရောက် ပုံပေါ်သည်။ ချွတ်ဆေး(သို့) ခဲစသည့်တို့နှင့် ထိတွေ့နေရသူ အမျိုးသားများ၏ သုက်ပိုးမှာလည်း ကျန်းမာရေး ညံ့ဖျင်းစေနိုင်သည်ဟု အယ်လ်ဘာတာတက္ကသိုလ်မှ ပါမောက္ခနီကိုလာချယ်ရီက ပြောသည်။ ကောင်း မွန်သော သုက်ပိုးများသည်သာ မိန်းမကိုယ်အတွင်းဝင်ရောက်ကာ သန္ဓေအောင်နိုင်သည်။ ယခုလေ့လာ မှုကို Human Reproduction ဆေးပညာဂျာနယ်တွင် ဖတ်ရှုလေ့လာနိုင်သည်။

7daydaily

မှတ်ချက်များ