၄၃၆ကို ချဲဂဏန်းမထင်ကြနဲ့၊ ရှင်းပြဖို့ တာဝန်ရှိတယ်ဆိုတဲ့ ဇာဂနာ
ဖွဲ့စည်းပုံပြင်ဆင်ရေး ပုဒ်မ ၄၃၆ လက်မှတ်ထိုးတဲ့လှုပ်ရှားမှုမှာ အနုပညာရှင်တွေ တက်တက်ကြွကြွ ပါဝင် လာနေပါတယ်။ ဟာသ သရုပ်ဆောင် ဇာဂနာကတော့ သူ့အနေနဲ့ လက်မှတ်ထိုးဖို့ထက် အများပြည် သူတွေ အားလုံး လက်မှတ်ထိုးကြဖို့ ဆော်သြရတာ ပိုပြီးအရေးတယ်လို့ မြင်ပါတယ်။
“ပညာပေးမယ့်လူ။ အသိပညာဖြန့်ဖြူးမယ့်လူက မရှိတာ။ အဲဒီလို မရှိတဲ့အတွက်ကြောင့် လူ ၅ဝဆိုရင် ၄၈ယောက်လောက်က ဒါ ဘာကြီးလို့မေးတာ။ ဒီဟာကိုသိအောင် ဘယ်သူကမှ မပြောဘူး။
အဲဒီအတွက် ပြောဖို့ ကျနော်တို့မှာ တာဝန်ရှိတယ်။ လက်မှတ်ထိုးတာက ကျနော့်အတွက် အရေးမကြီး လို့ပြော တခြားလူတွေ ထိခိုက်အောင် ပြောတာ မဟုတ်ဘူး” လို့ ဦးသူရ (ခ) ဇာဂနာက ပြောပါတယ်။
“ပြည်သူအများစုဟာ ဒီလက်မှတ်ထိုးတာကို ချဲဂဏန်းလိုလို ဘာလိုလိုထိုးနေကြတာမျိုး မဖြစ်အောင် ပြည် သူသိအောင် ဘယ်လိုပညာပေးမလဲဆိုတာ ကျနော်အခု စာရေးနေပါပြီ။ လူတွေ မသိတာကို သိအောင်လုပ် ဖို့အတွက်က ပိုအရေးကြီးပါတယ်”
(ချို – Free Wings)

မှတ်ချက်များ