ဓာတ်ပုံ- The Mirror
အခု အသစ်တီထွင် ထုတ်လုပ်လိုက်တဲ့ C-String အမျိုးသမီး အတွင်းခံက ကွေးလွယ်ဆန့်လွယ်တဲ့ ဖိုင်ဘာ တမျိုးနဲ့ လုပ်ထားတာဖြစ်ပြီး အထူးသဖြင့် နေပူစာ လှုံချင်တဲ့ အမျိုးသမီးတွေအတွက် ကိုယ့်ခန္ဓာကိုယ်နဲ့ အသားအရေ ကို ပိုပြီး ဖော်ထားပေးတဲ့ ပစ္စည်းမျိုးပါ။
ပြီးခဲ့တဲ့ သတင်းပတ်မှာ နာမည်ကြီး အမေရိကန် တီဗွီ စတား တဦးဖြစ်တဲ့ မစ္စ Kendall Jenner က ပရိသတ်ကြား လူသိရှင်ကြားပထမဆုံး ဝတ်ပြခဲ့ပါတယ်။ အဲဒီနောက် ကုန်တိုက်တွေမှာ C-String ရောင်း အား က ချက်ချင်း တက်လာခဲ့တယ်လို့ The mirror သတင်းတပုဒ်မှာ ရေးပါတယ်။
အမျိုးသားတွေကလည်း C-String ကို သဘောကျလို့ သူတို့ရဲ့ အမျိုးသမီးတွေအတွက် လာဝယ်ကြတယ် တဲ့။
တချို့ အမျိုးသမီးတွေက သိပ်မကြိုက်လှဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သုံးစွဲကြည့်ကြတဲ့အမျိုးသမီး အများစုကတော့ အခု အသစ်ပေါ်လာတဲ့ C-String ဟာ လွတ်လပ်တယ်၊ ပေါ့ပါးတယ်။ အဆင်ပြေ တယ်ဆိုပြီး သဘောကျသူတွေ များပါသတဲ့။
တချို့ကလည်း C-String ဝတ်ရတာ အဆင်မပြေဘူးလို့ ပြောဆိုနေပေမယ့် အမျိုးသားတွေက အမျိုးသမီး
တွေ ကို C-String ဝတ်တာကို သဘောကျနှစ်ခြိုက်တယ်လို့ ဆိုကြပါတယ်။
C-String နဲ့ ပတ်သက်ပြီး အမေရိကန် ဝေဖန်ရေးသမား တဦးကတော့ အခုလို မှတ်ချက်ပေးထားပါတယ်။
"Thank God we solved that mystery".
အိမ့်သံစဉ်
မှတ်ချက်များ