ဘရာဇီးနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲအတွက် ရိုက်ကူးထားတဲ့ မြန်မာ့ခြင်းလုံးအကြောင်း ဗွီဒီယိုမှတ်တမ်း
ဖြစ်ပါတယ်။ ဘရာဇီးကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနား ရုပ်သံ ရိုက်ကူးခွင့်ရ Pindorama က ၂၀၁၃ ခုနှစ် မှာ
မြန်မာ နိုင်ငံကို လာရောက် ရိုက်ကူးခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားဖွင့်ပွဲမှာလည်း ဒီဗွီဒီယိုကို ပြသမယ်လို့
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ် (MCF) ကတော့ ပြောပါတယ်။
မြန်မာ့ခြင်းလုံးပညာရဲ့ စွမ်းရည် အလှအပတွေနဲ့ ခြင်းလုံးအကြောင်းကို ဘရာဇီး ဘာသာစကားနဲ့ တင်ဆက်ထားတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးမြို့တွေမှာ ရိုက်ကူးထားတာဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ မှတ်တမ်း ဗွီဒီယိုလည်းဖြစ်ပါတယ်။
Pindorama ရိုက်ကူးရေးအဖွဲ့ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး မြန်မာ့ခြင်းလုံးအကြောင်း မှတ်တမ်းတင် ဗွီဒီယို ရိုက်ကူးသွားခဲ့ပြီး အဲဒီမှတ်တမ်းထွက်ရှိပြီးတဲ့နောက် ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားမှာ သရုပ်ဖော်ပြ သဖို့ မြန်မာခြင်းလုံးအဖွဲ့ချုပ် ကို ကမ်းလှမ်းခဲ့တာလို့ သိရပါတယ်။
ဒါပေမယ့် ကမ္ဘာဖလားဖွင့်ပွဲမှာ သရုပ်ပြကြမယ့် ခြင်းလုံး မောင်၊ မယ် ၁၅ ဦးစာအတွက် ခရီးစရိတ် ကျပ် သိန်းပေါင်း ၄ ထောင် နီးပါးကို အကုန်အကျမခံနိုင်တဲ့အတွက် မြန်မာခြင်းလုံးအဖွဲ့ချုပ်က ဘရာဇီးနိုင်ငံ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
ဒီလိုဖျက်သိမ်းလိုက်တဲ့အတွက် ခြင်းလုံးအဖွဲ့ချုပ်အနေနဲ့ မြန်မာ ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။ ဒီအကြောင်း သတင့်း့အပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာပေါ်က ကမ္ဘာ့ဖလား ဖွင့်ပွဲမှာ မြန်မာ့ခြင်းလုံး သွား မပြနိုင် ဆိုတဲ့ သတင်းမှာ အပြည့်အစုံဖော်ပြထားပါတယ်။
ြ မြန်မာဘောလုံးပရိသတ်တွေ နှမြောတသနေမယ့် ကမ္ဘာ့ဖလားဖွင့်ပွဲနဲ့ လွဲခဲ့ရတဲ့ မြန်မာ့ ခြင်းလုံး အကြောင်းပါ။
ဧရာဝတီ

မှတ်ချက်များ