ထိုင်းနိုင်ငံမှာ ညမထွက်ရ အမိန့်ရုပ်သိမ်းပြီ


ထိုင်း နိုင်ငံ အာဏာသိမ်း စစ်ကောင်စီက နိုင်ငံရေးတင်းမာမှုတွေကြောင့် ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့်ကို ရုပ်သိမ်းလိုက်ပြီလို့ မနေ့က သတင်း ထုတ်ပြန်ပါတယ်။

မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့ နေ့က စပြီး ည ၁၀ နာရီက နေ မနက် ၅ နာရီအတွင်း ညမထွက်ရ အမိန့် ထုတ်ပြန်ခဲ့တာပါ ။

အဲဒီနောက် ည ၁၂ နာရီကနေ မနက် ၄ နာရီထိ ညမထွက်ရ အမိန့်ကို ဖြေလျှော့ ပေးခဲ့ပါတယ်။ ဒီအပြင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ထိခိုက်မှာ စိုးတဲ့အတွက် ကမ္ဘာလှည့်ခရီးသွား အများစု ရှိတဲ့ နေရာ ၃ ခုကို ညမထွက် ရ အမိန့် ရုပ်သိမ်းပေးခဲ့တာပါ။ နောက်ထပ်လည်း နေရာ တိုးချြဲ့ပီး ရုပ်သိမ်းပေးခဲ့ပါတယ်။

အခု နောက်ဆုံး ညမထွက်ရ အမိန့်ကို နိုင်ငံ တ၀န်း ရုပ်သိမ်းပေးလိုက်တာဟာ ဘရာဇီးလ် မှာ ကျင်းပနေ တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲနဲ့လည်း တိုက်ဆိုင်နေပါတယ်။

အိမ့်သံစဉ်

မှတ်ချက်များ