ငြိမ်းချမ်းရေးဆိုတာ ရှုရှိုက်နေရတဲ့ လေလိုပဲ အမြဲလိုအပ်တယ်
ငြိမ်းချမ်းရေးအတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတွေမှာ အမြဲလိုလို တက်တက်ကြွကြွနဲ့ ပါဝင်နေတဲ့ Reggae အဆိုတော် စောဖိုးခွားက အနာဂတ်မှာလည်း ငြိမ်းချမ်းရေးနဲ့ဆိုင်တာ ဂီတပုံစံနဲ့ တင်ဆက်ဖို့ရှိနေပါတယ်။ ငြိမ်းချမ်းရေးဟာ နေ့စဉ် ရှုရှိုက်နေရတဲ့ လေလိုပါပဲလို့ သူက ဆိုပါတယ်။
“ငြိမ်းချမ်းရေးဆိုတာ နဂိုကတည်းက ရှိပြီးသားပါ။ ကမ္ဘာကြီးတည်ရှိနေကတည်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဘာမှပူပင်စရာမရှိဘဲ နေလာခဲ့တာပါ။ နောက်တော့မှ မငြိမ်းချမ်းတော့လို့ ဒီငြိမ်းချမ်းရေးကို ပြန်ပြီးတော့ လုပ်ရတာ။ ငြိမ်းချမ်းရေးဆိုတာ မရှိမဖြစ်တဲ့ အရာပါ”လို့ စောဖိုးခွားက ပြောပါတယ်။
“ဥပမာပြောရရင် ကျနော်တို့ ပတ်ဝန်ကျင်မှာ လေရှိတယ်။ ဒီလေကို သက်ရှိတိုင်း ရှုရတယ်။ ဒါပေမယ့် ဒီလေကို ဘယ်သူကမှ ကျေးဇူးမတင်ကြဘူး”တကယ်အရေးကြီးတဲ့အရာကို တန်ဖိုးမထားတဲ့အတွက် လူသားတွေ အကြီးအကျယ်ဆုံးရှုံးရတာ တစ်ကမ္ဘာလုံးမှာပါလို့ စောဖိုးခွားက ဆိုပါတယ်။
(ချို – Free Wings)

မှတ်ချက်များ