တောင်းပန်တဲ့ အဆိုတော် အောင်လ အခုလည်း မှားခဲ့ပြန်ပြီ
တောင်းပန်ပါတယ်သီချင်းနဲ့ ပရိသတ်လက်ခံခဲ့တဲ့ အဆိုတော် အောင်လက သူ့ရဲ့ တစ်ကိုယ်တော် အယ်လ် ဘမ်ရဲ့ Music Video အပြီးမသတ်နိုင်သေးပါဘူး။ နှစ်ပုဒ်လောက်ပဲ ရိုက်ရသေးတဲ့ ဒီ MTV ထဲမှာ မှားခဲ့ တယ်သီချင်းက တောင်းပန်ပါတယ်သီချင်းနဲ့ Key တူနေတယ်လို့ အောင်လက ပြောပါတယ်။
“မှားခဲ့တယ် သီချင်းက Key လည်းတူနေတယ်။
အရင်တုန်းက တောင်းပန်ပါတယ်အစနဲ့ ပြန်ဆက်ပြီး နောက်ဆက်တွဲပုံစံမျိုး ရိုက်ထားတာပါ။ အခု CD လည်းထွက်ထားတော့ VCD ကို ပရိသတ်လက်ထဲ အမြန်ဆုံးရောက်အောင် လုပ်နေပါတယ်”လို့ အောင်လ က ပြောပါတယ်။
အွန်လိုင်းပေါ်မှာ သီချင်းတွေ၊ Music Video တွေ တင်ပြီး ရောင်းလာတဲ့လမ်းကြောင်းအပေါ် အောင်လက စားဝတ်နေရေး အဆင်ပြေတဲ့သူတွေအတွက် သီချင်းတစ်ပုဒ်နားထောင်ဖို့ Download လုပ်နေမှာ မဟုတ်ဘူး လို့ မြင်နေပါတယ်။ “အဓိကပြဿနာက ကိုယ့်တိုင်းပြည်က စားဝတ်နေရေးကို ပိုပြီးတော့ အဆင်ပြေစေချင် တယ်။ အဲဒါမှ Music ဖက်ကို ပိုပြီး အာရုံစိုက်နိုင်ကြလိမ့်မယ်လို့ ထင်တယ်”
(ချို – Free Wings)

မှတ်ချက်များ