မီးဖိုချောင်သုံးဓာတ်ငွေ့ ပစ္စည်းအ၀င်နည်း၍ ဈေး
နှုန်း များ သုံးဆနီးပါး မြင့်တက်နေ သည့်အ
ပြင် ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေသော
ကြောင့် ဂက်စ် ဆိုင်အချို့ ပိတ်ထားကြောင်း ဂက်စ် အရောင်းဆိုင် အချို့က ပြောသည်။
ပြည်တွင်း၌ ရောင်းချနေ သော ဓာတ်ငွေ့သည် ထိုင်းနိုင်ငံမှ အဓိက တင်သွင်းရောင်းချနေခြင်းဖြစ် ရာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးပြဿနာကြောင့် ပစ္စည်းတင်သွင်းရာတွင် အခက်အခဲများ ရှိနေသည့် အတွက် ပစ္စည်းပြတ်ခြင်းဖြစ်ကြောင်း ဓာတ်ငွေ့အရောင်းဆိုင်များက ဆိုသည်။
‘‘ဂက်စ်ကဈေးတွေ တစ် ပိဿာ ၈၀၀၀ ကျပ်လောက်ထိ ရောက်သွားတယ်။ ဆိုင်မှာ ရောင်းဖို့ကို ဂက်စ်က ၀ယ်လို့မရလို့ ဆိုင် ပိတ်ထားတာ တစ်ပတ်လောက်ရှိသွားပြီ’’ဟု မြောက်ဥက္ကလာပဂက်စ်ဆိုင်တစ်ခုမှ ဆိုင်ရှင်က ဆိုသည်။
ဂက်စ်ဈေးနှုန်းများမှာ ယခု လဆန်းပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၂၄၀၀ ရှိနေရာမှာ ယခုတစ် ပတ်အတွင်း တွင် ကျပ် ၈၀၀၀၊ ၁၀ ကျပ်သား ဘူးသေးများမှာလည်း ယခင်က တစ်ဘူးလျှင် ကျပ် ၄၀၀ မှ ကျပ် ၁၀၀၀ သို့ မြင့်တက်လာခဲ့ သည်။
‘‘ဈေးတွေ တက်သွားလို့ တချို့က အများကြီး မထည့်ကြတော့ဘူး။ ဈေးပြန်ကျအောင် စောင့်နေကြတဲ့ သူတွေရှိတယ်။ ဒါပေမဲ့ ဒီဘက်မှာက ပစ္စည်းက ၀ယ်လိုတောင်မရတော့ဘူး’’ ဟု စမ်းချောင်းမြို့နယ် အတွင်းရှိဂက်စ်အရောင်းဆိုင်တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
အဆိုပါ ဂက်စ်အမျိုးအစား များကို စားသောက်ဆိုင်များအဓိက ၀ယ်ယူသုံးစွဲနေကြပြီး ဓာတ်ငွေ့မြင့်တက် မှုနှင့်လိုအပ် သလောက် ပစ္စည်းဝယ်ယူနိုင်ခြင်း မရှိသောကြောင့် စားသောက် ဆိုင်အချို့မှာလည်း အဆင်မပြေ ဖြစ်နေရကြောင်း စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ဓာတ်ငွေ့ဈေးနှုန်းများမှာ ပြီးခဲ့သည့် တစ်ပတ်အတွင်းမှ စ တင်၍ ဈေးနှုန်းများမြင့်တက်လာ ခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလအထိ ပစ္စည်းများဝယ်ယူရန် ခက်ခဲနေ ဆဲဖြစ်ကြောင်း လုပ်ငန်းရှင်များကဆိုသည်။
7day

မှတ်ချက်များ