အားလပ်ရက်မှာ လည်စရာ
ဒီတစ်ပတ် အားလပ်ရက် မှာ မိသားစုလိုက် စားသောက် နိုင်ဖို့ အစားအသောက်ကောင်း ကောင်းနဲ့ ၀န်ဆောင်မှုကောင်း ကောင်းပေးတဲ့ စားသောက်ဆိုင် တစ်ဆိုင်ကို ညွှန်ပြလိုပါတယ်။
စင်ကာပူနိုင်ငံမှာ နာမည် ကြီးတဲ့ စားသောက်ဆိုင်တစ် ဆိုင် ဖြစ်ပြီး အိန္ဒိယလူမျိုးတွေရဲ့ ရိုးရာအစားအ စာတွေကို သီးသန့် ရောင်းချပေးတဲ့ TITU'S Indian Banana Leaf Restaurant ကို ညွှန်ပြ လိုက်ပါတယ်။
အဲဒီဆိုင်မှာ အိန္ဒိယအစား အသောက်တွေကို သန့်သန့်ရှင်း ရှင်းနဲ့ စားသောက်နိုင်ပြီး Indian Banana Leaf Restaurant ဆိုတဲ့ အတိုင်း ငှက်ပျောရွက်ပေါ် ခင်း စားသောက်ရပြီး အိန္ဒိယလူမျိုးတွေ အကြိုက် ပန်းကန် ခွက် ယောက်တွေကို စတီးတွေနဲ့အသုံးပြုထားတာက ဆိုင်ရဲ့ ထူးခြားမှုဖြစ်ပါတယ်။
TITU အိန္ဒိယရိုးရာစား သောက်ဆိုင်ကို ၃၂ လမ်းအပေါ် ဘလောက်၊ ဆူးလေရှန် ဂရီလာ ဟိုတယ် အနောက်ဘက်မှာဖွင့်လှစ်ပေးထားပြီး ဆိုင်ဖွင့်ထား သည်မှာ သုံးလခန့်သာ ရှိသေး တယ်လို့ သိရပါတယ်။
အိန္ဒိယလူမျိုးတွေရဲ့ နေထိုင် စားသောက်မှုတစ်စိတ်တစ်ပိုင်း ကိုခံစားရမှာဖြစ်ပြီး အိန္ဒိယစတိုင် ကြက်သား ဟင်း၊ ဆိတ်သားဟင်း၊ ငါးဟင်း၊ ပုစွန်ဟင်း၊ ကြက်သား ဒံပေါက်၊ ငါးဒံပေါက် စတာ တွေကို သုံးဆောင်နိုင် ပါတယ်။
TITU မှာရနိုင်တဲ့ ဒံပေါက် ထမင်းကတော့ မြန်မာနိုင်ငံမှာ ရောင်းနေကျ ဒံပေါက်တွေနဲ့ ပုံစံရော၊ အရသာပါ မတူဘဲ ကွဲပြားတဲ့ အရသာနဲ့ ပုံစံကို စားသုံးသူများ မြည်းစမ်းနိုင်မှာပါ။
ဒါ့အပြင်ထမင်းဖြူ၊ ပဲဟင်း၊ ပါပရာကြော်ကိုပါတွဲပြီး သုံးဆောင်နိုင်တဲ့ သက်သတ်လွတ် စားသုံးသူများအ တွက် သင့်လျော် မယ့် Menu တွေလည်း စီစဉ်ထား ပါတယ်။
အိန္ဒိယ အစားအသောက် များဖြစ်တဲ့ စမူဆာ၊ ပလာတာနဲ့ ပူရီတို့ကိုလည်း ပေါ့ပေါ့ပါးပါးစား သောက်နိုင်ပါ တယ်။
ကော်ဖီ၊ အအေးများမှာယူသုံးဆောင်နိုင်ပြီး အချိုပွဲတွေ အနေနဲ့ ကူဖီးလ်၊ ဟာလ၀ါနဲ့ အိန္ဒိယမလိုင်လုံးများ ကို စားသုံး နိုင်မှာပါ။ အချိုပွဲနဲ့ ပေါ့ပေါ့ပါးပါးစားနိုင်မယ့် အစားအသောက်တွေ ရဲ့ ဈေးနှုန်းတွေ ကတော့ ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ ကျပ်သာ ကျသင့် မှာဖြစ်ပါတယ်။
TITU မှာ ထူးထူးခြားခြား သုံးဆောင်နိုင်မယ့် နောက်ထပ် အရာတစ်မျိုးကတော့ အိန္ဒိယ စတိုင်ဖျော်ထားတဲ့ မဆလာ လက်ဖက်ရည်ပါ။ မဆလာနံ့ သင်းသင်းလေးနဲ့ အဲဒီလက်ဖက် ရည်တစ်ခွက်ကိုတော့ ကျပ် ၁၀၀၀ ပဲကျသင့်မှာပါ။
နောက်ပြီး အဖျော်ယမကာ
သောက်တတ်သူများအဆင်ပြေ နိုင်ဖို့ရာ ဘီယာကို ရောင်းပေးပြီး ဆေးလိပ်သောက်တတ်သူများအတွက် ဆိုင်အပြင်ဘက်မှာ နေရာသီးသန့်သတ်မှတ်ပေးထား တာကြောင့် ဆိုင်အတွင်းမှာ ဆေးလိပ်နံ့ကင်းပြီး ဆေး လိပ် မသောက်တတ်သူရော၊ သောက် တတ်တဲ့သူတွေပါ အဆင်ပြေ နိုင်ဖို့ ဖန်တီးပေးထားပါတယ်။
ဟင်းလျာတွေရဲ့ ဈေးနှုန်း တွေကတော့ ဟင်းတစ်ပွဲကို ကျပ် ၃၀၀၀မှ ၄၀၀၀ ရှိပြီး အစုံလိုက်ပွဲ တွေကို ကျပ် ၆၀၀၀ ကနေ ၅၀၀၀ ၀န်းကျင်အထိ ရောင်းချပေး တာမို့ အနည်းငယ်ဈေးကြီးသော် လည်း အစားကောင်း အသောက် ကောင်းများကို ၀န်ဆောင်မှု ကောင်းကောင်းနဲ့ စားသုံးလိုသူ တွေအဖို့ သင့်လျော်ပါတယ်။
TITU'S Indian Banana Leaf Restaurant ဆိုင်ရဲ့ အိန္ဒိယရိုးရာဟင်းလျာအမျိုးပေါင်း ၃၀ ကျော်ကိုတော့ အိန္ဒိယနိုင်ငံမှ ခေါ်ယူထားတဲ့ စားဖိုမှူးနှစ်ဦးက ချက်ပြုတ်ပေးတာကြောင့် တကယ်ကို အိန္ဒိယရိုးရာအငွေ့ အသက်တွေကို စားသုံးသူများ ခံစားရမှာပါ။
လက်ရှိမှာတော့ TITU ကို လာပြီး စားသောက်ကြတဲ့သူတွေမှာ နိုင်ငံခြားသားဧည့်သည် တွေကို တွေ့ ရပြီး မြန်မာလူမျိုး တွေစားသောက်တာ နည်းနေ သေးတာ တွေ့ရပါတယ်။
ယင်းအိန္ဒိယရိုးရာ စား သောက်ဆိုင်လေးကို စင်ကာပူ နိုင်ငံ၌ ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံအတွက် ကတော့ ပထမဆုံးဆိုင်ခွဲတစ်ခုဖြစ်တယ်လို့ သိ ရပါတယ်။
သွားရောက်ပြီး သုံးဆောင် ကြမယ်ဆိုရင် ဆိုင်ဖွင့်ချိန်က နံ နက် ၁၁ နာရီမှ ည ၁၀ နာရီအ တွင်းသာဖြစ်ပါ တယ်။
ဒါကြောင့် ဒီတစ်ပတ်အား လပ်ရက်မှာ မိသားစုနဲ့ပဲဖြစ်ဖြစ်၊ အပေါင်းအသင်းမိတ်ဆွေတွေနဲ့ ရန်ကုန်မြို့ထဲမှာ အလည်အပတ် သွားရင်း၊ ရုပ်ရှင်ကြည့်ရင်း၊ အိန္ဒိ ယအစားအသောက်များကို သုံး ဆောင်ကြည့်ရအောင်ပါ။ ။
ခန့်ထက် | 7daydaily

မှတ်ချက်များ