ထိုင်းနိုင်ငံ မြေတူး ရာမှ ကြိမ်စာ သင့်နေသော ရွှေများ မည်သူမျှ မယူရဲအောင် မမြင်ရသော သူများ လာနှောက်ယှက် သဖြင့် အစိုးရဆီကို အလုံးအရင်း ပြန်အပ်

တလောကထိုင်းနိုင်ငံမှာအဆောက်အဦးဆောက်ဖို့အ တွက် မြေတူးရာမှထွက်ပေါ်လာတဲ့ရွှေတွေ၊ရွှေပြားတွေ သတင်းကို သားငယ် စာဖတ်သူများဖတ်လိုက်ရမယ်လို့ ထင်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖတ်ထလုံခရိုင်မှဆီအုန်းခြံတခုမှ အဆောက် အဦးဆောက်ဖို့ အတွက်မြေကြီး တူးရာ မှရွှေတွေတွေ့ ရလို့တရွာလုံးအုံ့အုံ့ ကျွပ်ကျွပ်မြေ လန်ပြီးတူး ကြတာရွှေတွေအတော် ရလိုက် တယ်ဆိုတဲ့ သတင်းတွေဓါတ်ပုံနဲ့ တကွတခန်းတနားဖေါ်ပြကြ တယ်။

ဒါပေမဲ့ရွှေရရှိထားတဲ့ရွာ သားအားလုံးနီးပါးဟာ ဆီအုန်းခြံပိုင်ရှင်မှ တဆင့်သက်ဆိုင်ရာကိုပြန်အပ်လိုက်ကြ တယ် လို့သိရပါတယ်။

အားလုံးပြန်လာအပ်တဲ့ရွှေအလေးချိန်စုစုပေါင်း (2)ကီလိုဂရမ်ပြန်ရတယ်လို့သက်ဆိုင်ရာက ဆိုပါတယ်။

အခုလိုရွှေတွေကိုသက်ဆိုင်ရာကိုဘာလို့ပြန်လာအပ်ကြတာလည်းလို့ရွာသားတွေကိုမေးတဲ့အခါမှာတော့.. သူတို့ဟာမြေကြီးထဲက ရတဲ့ရွှေတွေကိုကိုယ့်ဟာမဟုတ်ဘူးလို့အမြင်မှန်ရလို့လာအပ်တာလည်းမ ဟုတ်၊ဒီရွှေတွေရတဲ့သူတွေကိုအစိုးရကအရေးယူဖမ်းဆီးတာကိုကြောက်ရွံ့လို့လည်းမဟုတ်
ဆိုပါတယ်။

တခုထူးခြားတာကဒီရွှေတွေကိုရပြီးနောက်ပိုင်းမှာရတဲ့သူတွေဟာနေထိုင်မကောင်းဖြစ်လာကြတယ်၊ဆိုးကျိုးတွေနဲ့ကြုံတွေ့လာရတယ်။

တချို့ရွှေရတဲ့လူတွေကိုဆိုညဘက်အိပ်ပျော်နေစဉ်အတွင်းမှာသရဲသဘက်လိုလို၊ဘီလူးလိုလိုအကောင်ကြီးတွေက ငါရွှေတွေပြန်ပေးလို့ညစဉ်ညတိုင်းအိပ်မက်မြင်မက်ကြပြီးအိပ်မနိုင်အောင်ကြောက်လန့်ခံစားရတယ်လို့ဆိုပါတယ်

အခုရရှိတဲ့ရွှေ တွေဟာကြိမ်စာသင့်နေတဲ့ရွှေတွေဖြစ်တယ်ဒါကြောင့်၊ရွှေကိုရရှိထားတဲ့ထိုင်းရွာသားတွေဟာထိုရွှေတွေကိုအိမ်မှာမထား ရဲကြတော့ပဲအခုလိုသက်ဆိုင်ရာကိုလာအပ်နှံခြင်းသာဖြစ်တယ်လို့ သိရပါတယ်လို့သတင်းမှာရေးသားထား ပါတယ်။

သတင်း boonmyomyo

မှတ်ချက်များ