ဧရာဝတီမြစ်အတွင်း ရေဆင်းကူးသော ကလေးငယ်ငါးဦးရေနစ်သေဆုံး

ရေနစ်သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး၏အလောင်းကို သယ်ဆောင်လာစဉ်


မကွေးမြို့အနီး ဧရာဝ တီမြစ်အတွင်း ရေဆင်းကူးသည့် အသက် (၁၀) နှစ်ဝန်းကျင်အရွယ် တတိယတန်း ကလေးငယ်ငါးဦး ဇွန်လ ၁၂ ရက်က တစ်ပြိုင်တည်း ရေနစ်သေဆုံးခဲ့သည်။

သေဆုံးသွားသည့် ကလေး များသည် မကွေးမြို့ ကမ်းနား လမ်းဘေးရှိ ဆက်သွယ်ရေးဧည့် ရိပ်သာအနီး ဧရာဝတီမြစ်အတွင်း ရေဆင်းကူးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏အလောင်းများကို ဇွန်လ ၁၂ ရက် ညနေ ၅ နာရီခန့် တွင် ပြန်လည် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကလေးငယ်သုံးဦးရေဆင်း ကူးသည့် နေရာသည် ဧရာဝတီ မြစ်အတွင်းဖြစ်သော်လည်း မြစ် အတွင်း ရေ နည်းနေသည့်အချိန်တွင် ဖြစ်ပေါ်နေသည့် ရေကန် တစ်ခုတွင်ဖြစ်ကြောင်း ဒေသခံ များကပြောသည်။

‘‘တွေ့တဲ့သူတွေ ကလေး တွေက ၁၂ နာရီလောက်ကတည်း က ရေဆင်းချိုးနေတာလို့ပြော တယ်။ အလောင်းတွေကတော့ ညနေ ၅ နာရီလောက်မှ တွေ့ကြ တာ’’ဟု မကွေးဒေသခံတစ်ဦးက ပြောသည်။

ကလေးငယ်များရေဆော့ ကစားသည့်နေရာသည် ရေစီး ဆင်းမှုမရှိဘဲ ရေအိုင်တစ်ခုပုံစံ ဖြစ်နေသည့် နေရာ တွင် ဖြစ်ပြီး ကလေးငယ်အားလုံး တစ်ပြိုင် တည်း သေဆုံးခဲ့မှုသည်မကွေးမြို့ ဒေသခံများအကြား ထူးဆန်း သည့်သတင်းတစ်ခုအဖြစ် ပြောဆို လျက်ရှိသည်။

‘‘ကလေး လေးယောက်ရဲ့ အလောင်းကို တစ်နေရာတည်းမှာ တွေ့တယ်။ ပထမလေးယောက် ပဲထင်ကြ တာ။ နောက်အ၀တ်အ စားတွေက ငါးစုံတွေ့မှ နောက် တစ်ယောက်ရှာရင်း ထပ်တွေ့ တာ’’ဟု မကွေးဒေ သခံတစ်ဦးက ပြောသည်။

ကလေးငယ် ငါးဦးလုံး၏ အလောင်းများသည် ရုန်းကန် ထားခြင်း၊ ရေနစ်စဉ်အချင်းချင်း ပွေ့ဖက်ထားခြင်း စသည့် အခြေ အနေတွင်မရှိဘဲ ပုံမှန်အခြေအ နေဖြင့်သာတွေ့ရှိခဲ့ခြင်းကြောင့် ရေနစ်သည့်ပုံစံကို ဒေသ ခံများက ထူးဆန်းကြောင်း မှတ်ချက်ပေး လျက်ရှိသည်။

သေဆုံးသူ ကလေးငယ် ငါး ဦးသည် (ကင်း) ကျောက်ကုန်း၊ အောင်စေတနာနှင့် ရွာသစ်စသည့်ရပ်ကွက် များမှ ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတစ်ခုတွင် လာရောက် ပညာသင်နေကြသည့် ကလေး ငယ်များဖြစ်ကြောင်း သတင်းရ ရှိသည်။

ကလေးငယ်များ သေဆုံးမှု ကို မကွေးမြို့ မြို့မရဲစခန်းက အတည်ပြုပြောကြားသော်လည်း အသေးစိတ်အ ချက်အလက်မှာ စုံစမ်းနေဆဲဖြစ်ကြောင်း ထပ်မံ ပြောကြားသည်။

ထွန်းခိုင် | 7day daily

မှတ်ချက်များ