တရုတ်နိုင်ငံမှာ ဂျုံနဲ့ ပြုလုပ်တဲ့ ခေါက်ဆွဲတွေကို အဓိက စားသုံးလေ့ရှိပါတယ်။ ဒါပေမဲ့ ခေါက်ဆွဲ စက်ရုံတစ်ရုံ ဟာ သန့်ရှင်းမှု ရှိအောင် ဆောင်ရွက်ခြင်းမရှိတာမို့ ဝေ ဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြင်းထန်တဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ Dongguan မြို့မှာရှိ တဲ့ ခေါက်ဆွဲ စက်ရုံက၀န်ထမ်းတွေဟာ ခေါက်ဆွဲတွေ ကို ခြေထောက်တွေနဲ့ တက်နင်းခြင်း၊ ခေါက်ဆွဲပုံပေါ် မှာ အိပ်စက်ခြင်း စတာတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကို ဓာတ်ပုံ ရိုက်ကူးပြီး အင်တာနက်ပေါ် လွှင့်တင်ခဲ့ရာ စားသုံးသူအတွေ ဒေါသထွက်ခဲ့ပြီး အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒီစက်ရုံဟာ ပြီးခဲ့တဲ့ နှစ်ကတည်းက သန့်ရှင်းမှု မရှိတာမို့ ပြင်းထန်စွာ သတိပေးခြင်းခံထား ရပြီး နောက် ဆက်တွဲ အနေနဲ့ အခုလို ဓာတ်ပုံတွေ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပါတယ်။ တာဝန်ရှိသူ တစ်ဦးက ဓာတ်ပုံထဲ က အထောက် အထားတွေအရ ၀န်ထမ်းတွေဟာ ခေါက်ဆွဲတွေကို ခြေထောက်နဲ့ နင်းခဲ့တဲ့ အပြင် ခေါက် ဆွဲတွေ အပေါ်မှာလည်း အိပ်စက်ခဲ့ကြောင်း၊ ဒီခေါက်ဆွဲတွေကို ရောင်းချမယ့် ဆိုင်တွေကို ပို့ဆောင် ခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ စက်ရုံ ၀န်ထမ်းတွေဟာ ခြေဗလာနဲ့ ခေါက်ဆွဲတွေကို တက်နင်း ကြခြင်း ဖြစ်ပြီး ဒီအပြုအမူနဲ့ ပတ်သက်ပြီး ပြင်းထန်စွာ အရေးယူ သွားမယ်လို့ တာဝန်ရှိသူတွေက ဆိုခဲ့ပါ တယ်။ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီလ မတိုင်မီက ထွက်ပေါ်လာခြင်း ဖြစ်ပြီး စက်ရုံကို ပိတ်ပစ်ခဲ့ အပြင် များပြားတဲ့ ဒဏ်ငွေနဲ့ ထောင်ဒဏ်ပါ ချမှတ်သွားဖို့ရှိကြောင်း သိရပါတယ်။
Messenger News Journal

မှတ်ချက်များ