မကွေးလေ့ကျင့်ရေးတပ်မှ ရဟတ်ယာဉ်တစီး မြို့သစ်မြို့နယ်အနီး ပေါက်ကွဲ ပျက်ကျ

ဓါတ်ပုံ - ကို စန်းယု
မကွေးတိုင် မြို့သစ်မြို့နယ် နိုင်ကြမ်းကျေးရွာအုပ်စု ယောက်မ ငကျေးရွာအနီးတွင် ယနေ့နံနက် ၉ နာရီဝန်းကျင်က ရဟတ်ယာဉ် တစီးပျက်ကြခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပျက်ကြသည့် ရဟတ်ယာဉ်မှာ မကွေးလေ့ကျင့်ရေးတပ်မှ အရာရှိ ၂ ဦးမောင်းနှင်လာသည့် ရဟတ်ယာဉ်ဖြစ်ပြီး ပေါက် ကွဲသွား စဉ် လေထီးနှင့် ခုန်ဆင်းနိုင်ခဲ့၍ ၎င်းတို့ ၂ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်းသိရသည်။

“မနက်ကဖြစ်တယ်လို့တော့ သိရတယ်၊ ယင်းချောင်းအနောက် ဘက်မှာ ဖြစ်တာ၊ သေ ချာမသိရသေးဘူး”ဟု မြို့သစ်မြို့နယ် ရုံးဝင်ထမ်းတဦးက ပြောသည်။

မြို့သစ်မြို့နယ် မြို့နယ်မှူးရုံးသို့ ဆက်သွယ်မေးမြန်းရာ စုံစမ်းစစ်ဆေးနေစဲဖြစ်ကြောင်း သိရသည်

News Watch

မှတ်ချက်များ