၁နှစ်ခွဲ အတွင်း ပေါင် ၁၀၀ ခန့် ၀ိတ်ချပြီးနောက် အလှမယ် ဖြစ်လာသူ

အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်နေ အသက် ၂၃နှစ်အရွယ် ကယ်လီခရစ်ဖ်ကိုသည် ၁နှစ်ခွဲ အတွင်း ပေါင် ၁၀၀ ခန့် ၀ိတ်ချနိုင်ခဲ့သည့်အတွက် သူမကို Miss South Texas မှ ဒိုင်လူကြီးများက အံ့အား သင့်ကာ သဘောကျသွားမည်မှာ အမှန်ပင်။

အထက်တန်းကျောင်းသူ ဘ၀တွင် အတန်းဖော်များက ၎င်းကို ၀တုတ်မဟု ခေါ်သည်ကို ကြားလိုက်ရအပြီး တွင် ကယ်လီသည် ၀ိတ်ချရန် ဆုံးဖြတ်လိုက်တော့သည်။ ၀ိတ်ချမည်ဟု ဆုံးဖြတ် လိုက်ချိန်မှ စ၍ သူမသည် အချိုရည် မသောက်တော့ဘဲ ရေ ကိုသာ သောက်သုံးပြီး ဆီကြော်နှင့် ချိစ်တို့ကိုလည်း မစားတော့ပေ။

သူမ သည် ခန္ဒာကိုယ်မှ အဆီပိုများ ကျရေးအတွက် ခွဲစိတ်ကုသမှု မလုပ်ဘဲ စားသောက်မှု ပုံစံပြောင်း လဲခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့်သာ ခန္ဓာကိုယ် အလေးချိန် လျှော့ချခဲ့သည်။

ပေါင် ၁၀၀ ကျသွားပြီးနောက်တွင် သူမသည် မိမိကိုယ်မိမိ ယုံကြည်ချက်ရှိလာကာ အလှမယ် ပြိုင်ပွဲဝင်ရန် စာရင်းသွင်းလိုက်တော့သည်။ သူမပြိုင်ပွဲဝင်ရန် စာရင်းသွင်းလိုက်သည့် Miss South Texas ပြိုင်ပွဲသည် ဇူလိုင်လတွင် စတင်မည် ဖြစ်သည်။



ချယ်ရီ | World Myanmar News



မှတ်ချက်များ