ခေါက်ထားနိုင်သည့် display နည်းပညာသစ်ကို Nokia မိတ်ဆက်ပြသ
ပြီးခဲ့သည့် ရက်သတ္တပတ်က ဆန်ဒီယေဂိုမြို့တွင် ကျင်းပပြုလုပ်ခဲ့သော SID 2014 ကွန်ဖရင့်စ်တွင် Nokia က ခေါက်ထားနိုင်သည့် display နည်းပညာသစ်ကို မိတ်ဆက်ပြသခဲ့သည်။
အဆိုပါ ကွန်ဖရင့်စ်တွင် Nokia က ကွေးနိုင် ဆန့်နိုင်သည့် အနာဂတ် ဟန်းဆက်များအတွက် resolution မြင့်မားသော ခေါက်ထားနိုင်သည့် OLED display နှစ်မျိုးကို ပြသခဲ့သည်။
ပထမဦးဆုံး မိတ်ဆက်ပြသခဲ့သည့် display ကို Nokia က စာအုပ်ပုံစံ display ဟု ခေါ်တွင်ထားပြီး ၎င်းကို နှစ်ကြိမ် ခေါက်ထားနိုင်မည်ဟု ဆိုသည်။ ဒုတိယအမျိုးအစားမှာ သုံးခေါက်ချိုး display ဖြစ်ပြီး ၎င်း screen နှစ်မျိုးစလုံး၏ အရွယ်အစားမှာ ၅.၉ လက်မဖြစ်ကြောင်း၊ pixel သိပ်သည်းဆ 249ppi ရှိပြီး 1280 x 720 resolution ဖြင့် ဖော်ပြပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် အဆိုပါ display များကို အကြိမ် တစ်သိန်းခေါက်နိုင်မည် ဖြစ်ကြောင်း Nokia မှ ပြောကြားခဲ့သည်။
အထက်ပါ နည်းပညာကို အသုံးပြုခွင့်ရရှိမည့် အချိန်နှင့် စပ်လျဉ်း၍ အသေအချာ မသိရှိရသေးသော်လည်း Samsung ကုမ္ပဏီက ကွေးနိုင် ဆန့်နိုင်သည့် ထုတ်ကုန်များကို ယခုနှစ် CES ပြပွဲတွင် ပြသခဲ့သလို LG ကလည်း ခေါက်ထားနိုင်သည့် ထုတ်ကုန်များကို ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
Internet Journal
.jpg)
မှတ်ချက်များ