![]() |
| ဘကကျောင်းတစ်ကျောင်း၏ စာသင်ခန်းအတွင်းရှိ ကလေးငယ်များအားတွေ့ရစဉ်) [ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ |
ယခုအခါ မြန်မာနိုင်ငံ၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၅၉၇ကျောင်း၊ ဆရာ၊ ဆရာမ ၆၈၇၀ ဦးနှင့် ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းခုနစ်သောင်းနီးပါး ရှိလာပြီဖြစ်ကြောင်း သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်ကပြောသည်။
‘‘ဘုန်းတော်ကြီးကျောင်းများသည် ဆင်းရဲနွမ်းပါးသော ကလေးသူငယ်များ အဓိကအားကိုးရာ ပညာရေးလုပ် ငန်းဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ကလေးငယ်တွေ အခြေခံပညာပြီးဆုံးအောင် ဆက်လက်သင်ယူနိုင်ရေးအ တွက် လိုအပ်ချက်များ ရှိပါသေးတယ်။ ကျေးလက်တောရွာများသာမက မြို့ကြီးတွေမှာပါ ဆင်းရဲနွမ်းပါးတဲ့ ကလေးငယ်တွေ နေရာအနှံ့အပြားရှိတဲ့အတွက် နေရာဒေသမရွေး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖွင့်လှစ်ရန် အမှန်တကယ်လိုအပ်ချက်ရှိတာကို ကိုယ်တိုင်တွေ့ရှိခဲ့ရပါတယ်’’ဟု ဘုန်းတော်ကြီးသင်ပ ညာရေးကျောင်းများညီလာခံ တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးကပြောသည်။
ဆင်းရဲနွမ်းပါးသော ကလေးငယ်များအတွက် အားထားရာဖြစ်သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များ တိုးပွားလာမှု နှင့် ကျောင်းသား၊ ကျောင်းသူဦးရေ မြင့်တက်လာခြင်းသည် အတိုင်းအတာတစ်ခု ထိ အောင်မြင်မှုဖြစ်ကြောင်း ဦးဆန်းဆင့်ကဆိုသည်။ လူတိုင်း အခြေခံပညာနှင့် ခေတ်ပညာ တတ်မြောက်စေရန်၊ ပညာသင်ကြားရေးတွင် စရိတ် သက်သာစေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အများအကျိုး၊ နိုင်ငံအကျိုး သယ်ပိုးလိုသူများ ဖြစ်လာစေရန် မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစဉ်အလာ များကို လေ့လာသင်ယူပြီး မြတ်နိုးထိန်း သိမ်းတတ်စေရန် ဗုဒ္ဓဘာသာအဆုံးအမများကို ကြားနာမှတ် သား လေးစားလိုက်နာရန်နှင့် အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
သာသနာရေးဝန်ကြီးဌာန သည် နိုင်ငံတော်အစိုးရအသုံးစ ရိတ်မှ ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်း များမှ ဆရာ၊ဆရာမ များ၏ လစာငွေအတွက် လွန်ခဲ့ သည့် ပညာသင်နှစ်တွင် ကျပ် သန်းနှစ်ထောင် ထောက်ပံ့ပေးခဲ့ ပြီး ယခုပညာသင်နှစ်အတွက် လည်း ထောက်ပံ့ပေးရန် အစီအ စဉ်ရှိကြောင်း ပြည်ထောင်စုဝန် ကြီးကပြောသည်။ မြန်မာနိုင်ငံ တွင် ဘုရင်များအုပ်စိုးစဉ်က ဘုန်း တော်ကြီး သင်ပညာရေး ထွန်းကားခဲ့ပြီး အင်္ဂလိပ်အုပ်ချုပ်ရေးဝင်ရောက်လာချိန်တွင် အတန်းတက်ပညာရေးစနစ် ကျင့်သုံးခဲ့ပြီးနောက် ယခုအခါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၏ အခန်းကဏ္ဍ ပြန်လည်မြင့်တက် လာ ခြင်းဖြစ်သည်။
7Day Daily Newspaper

မှတ်ချက်များ