![]() |
| အရှေ့တောင်အာရှခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းက အသက် ၇၅ နှစ်အရွယ် ကရင်နီအဖွားအိုနဲ့တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂအထူးသံတမန် အင်ဂျလီနာဂျိုလီ |
ဒီတစ်ပတ်ထဲမှာ အင်ဂျလီနာဂျိုလီဟာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ကိုယ်စား ထိုင်းနိုင်ငံကို ခရီးထွက်ခဲ့ပါတယ်။
ဟောလိဝုဒ်မင်းသမီးဟာ Ban Mai Nai Soi အမည်ရတဲ့ ဒုက္ခသည်စခန်းမှာ နေထိုင်ရေးအခြေအနေတွေနဲ့ ကရင်နီဒုက္ခသည်အမျိုးသမီးကြီး Baw Meh နဲ့စကားပြောဆိုဖို့အတွက် သောကြာနေ့က အရှေ့တောင် အာရှကိုရောက်ခဲ့တာဖြစ်ပါတယ်။
အဲဒီ့ကရင်အဖွားအိုက လွန်ခဲ့တဲ့ ၁၈ နှစ်က ပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာတွေကို ကျောမှာထုတ်ပိုး၊ တောနက်ကြီး နဲ့ ကွေ့ကောက်စီးစင်းနေတဲ့ မြစ်တွေကိုဖြတ်ပြီး သူမ ခင်ပွန်းနဲ့အတူ အဲဒီ့ဒုက္ခသည်စခန်းကို ရောက်လာပုံ ကို ပြန်ပြောပြပါတယ်။
ထိုင်း-မြန်မာ နယ်စပ်နဲ့ ၂ ကီလိုမီတာအကွာမှာရှိတဲ့ ဒီဒုက္ခသည်စခန်းလေးဟာ Baw Meh ရဲ့မြေးတွေမွေး ဖွားရာနေရာလဲဖြစ်ပါတယ်။
အင်ဂျလီနာဟာ ဗြိတိသျှဘုရင်မကြီးက ချီးမြှင့်တဲ့ Dame ဂုဏ်ထူးဆောင်ဘွဲ့ကိုရရှိရာမှာအဓိကဖြစ်စေတဲ့ ဒီကုလသမဂ္ဂအထူးသံတမန်ရာထူးအတွက် လုပ်ဆောင်သင့်တဲ့အရာများကို ကျေပွန်အောင်ဆောင် ရွက်နေတာဖြစ်ပါတယ်။
Jack the Ripper | Trend Myanmar



မှတ်ချက်များ