ဘကကျောင်းဆောက်လုပ်ရေး ရန်ပုံငွေဂီတပွဲ ဘယ်သူတက်ရောက်ချီးမြှင့်ခဲ့သလဲ


ဘ-ကလို့လူသိများတဲ့ ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းတွေ ဆောက်လုပ်လှူဒါန်းဖို့အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲတစ်ခုကို ရန်ကုန်မှာ ဇွန် ၁၄ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဲဒီရန်ပုံငွေပွဲကို ထူးခြားတဲ့ပုဂ္ဂိုလ် တစ်ယောက် တက်ရောက်ခဲ့ပါတယ်။ သူ ဘယ်သူလဲ။

Terakoya Music Festival ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒီရန်ပုံငွေဖျော်ဖြေပွဲကို အဓိကပံ့ပိုးတဲ့ မဟာမဲခေါင်ဒေသ ဦးဆောင်အဖွဲ့က ခေါင်းဆောင်ဖြစ်တဲ့ ဂျပန်ဝန်ကြီးချုပ်ကတော် Mrs. Akie Abe ကိုယ်တိုင် လက်မှတ်ဝယ် ယူပြီး အားပေးခဲ့တာဟာ အင်မတန် ဝမ်းသာကြည်နူးရပါတယ်လို့ ပွဲစီစဉ်တဲ့ ကိုအီကြာကွေးက ပြောပါ တယ်။

ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံမှာ ကျင်းပတဲ့ ဘုန်းတော်ကြီးသင်ပညာဒါနကျောင်း ရန်ပုံငွေပွဲကို ပရိသတ် ထောင်ကျော်တက်ရောက်ခဲ့ကြပြီး Lazy Club နဲ့အတူ R ဇာနည်၊ မေဆွိ၊ ချမ်းချမ်း၊ မေခလာ၊ နီနီခင်ဇော် တို့နဲ့အတူ ဂျပန်အဆိုတော် မာရိုစံလည်း သီဆိုဖျော်ဖြေခဲ့ပါတယ်။

Greater Mekong Initiative အဖွဲ့ဟာ ဂျပန်နိုင်ငံသားတွေရဲ့ လှူဒါန်းမှုနဲ့ ထူထောင်ထားတာဖြစ်ပြီး မြန် မာပြည်က ဘုန်းတော်ကြီးသင်ပညာဒါနကျောင်းတွေကို ကူညီထောက်ပံ့နေတာဖြစ်ပါတယ်။ မြန်မာ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဒီလိုဒါနပြုဖို့ ဂီတဖျော်ဖြေပွဲ ကျင်းပရတာလို့ GMI ရဲ့ Ambassador ဖြစ်တဲ့ အဆိုတော် မေဆွိက ပြောပါတယ်။

ရန်ပုံငွေ ရုပ်/သံ အပြည့်အစုံ

kamayutmedia

မှတ်ချက်များ