အသက် ကြီးကြီးတွေကိုမှ ကြိုက်တတ်သူ

တချို့ ယောက်ျားတွေက ကိုယ်လုံးမိုက်မိုက် မိန်းကလေးမျိုးကို သဘောကျသလို တချို့ကျတော့ ညှို့အားပျင်းပျင်း မိန်းကလေးတွေကို ပိုကြိုက်ကြ တယ်။ ကျွန်တော်ကတော့ အသက်ကြီးကြီး
(အရွယ်ဟိုင်းတွေ) ကို မှ ကြိုက်ပါတယ်လို့ ပြောတဲ့ အမျိုးသား တစ်ဦးအကြောင်း ပြောပြချင်ပါတယ်။

အဲဒီ အမျိုးသားကတော့ မျက်ခုံးပင့်စ ရာ ကောင်းလောက်အောင် အရွယ်ဟိုင်းတွေကိုမှ ကြိုက်သူပါတဲ့။ သူကတော့ အသက် ၃၁နှစ် ရှိပြီ ဖြစ်တဲ့ ကယ်လီဂျုန်းစ်ပါ။ သူဟာ အခုအချိန်မှာ အသက် ၉၁နှစ်ရှိ (အဖွားရဲ့ အမေ) အဘွားအရွယ် နဲ့ ချစ်ကြိုက်နေသူ တစ်ဦးပါ။ ဂျော်ဂျီယာ ပြည်နယ်မှာ နေထိုင်သူ ဂျုန်းစ်တစ်ယောက် သူရဲ့ ချစ်သူအမျိုးသမီး များကို အိမ်ခေါ်လာလေ့ရှိပြီး သူရဲ့ မိခင်ဖြစ်သူ( အသက် ၅၀) နဲ့ ဆက်တိုက် ဆိုသလို မိတ်ဆက်ပေး ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်ကစပြီး သူဟာ အသက် ၉၁နှစ်အရွယ် မာဂျော်ရီ မက်ကိုးနဲ့ ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ အသက် ၆၀လောက် ကွာဟနေပေမယ့်လည်း သူတို့စုံတွဲကတော့ အမြဲ တတွဲတွဲနဲ့ လက်တွဲမဖြုတ်ပဲ ချစ်ပွဲဝင်နေဆဲ လို့ ပြောပါတယ်။

ဂျုန်းစ် အသက် ၁၈ နှစ်မှာ call centre မှာ အလုပ်စ၀င်ခဲ့ပြီး အဲဒီကစလို့ အသက်ကြီးကြီး အမျိုးသမီးတွေ ကိုပဲ စိတ်ဝင်စားခဲ့ပါတယ်။ သူနဲ့ ပထမဆုံး ချစ်ရည်လူးခဲ့တဲ့ အမျိုးသမီးက အသက် ၅၀ ရှိသူဖြစ်တယ်လို့ သူက ပြောပြခဲ့ပါတယ်။ အခုအခါမှာတော့ ဂျုန်းစ်တစ်ယောက် dating website တွေသုံးပြီး အမျိုးသမီး အဖော်ရှာလေ့ရှိသလို သူတို့နဲ့လည်း ချက်တင် ၀င်လေ့ရှိပါတယ်။

ကျွန်တော် အတွဲအများဆုံး အသက်အရွယ်က ၆၀ နဲ့ ၈၀ကြား အမျိုးသမီးတွေ ဖြစ်ပြီး သူတို့နဲ့ ပထမဆုံးအ ကြိမ် စကားစပြောတဲ့ အချိန်မှာ ရရှိလိုက်တဲ့ တုံ့ပြန်မှုက ကျွန်တော့်ကို အရမ်းငယ်သေးတယ်လို့ ပြောကြ တာ ပဲ လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ အိမ်ထောင်မပြုသေးတဲ့ ဂျုန်းစ်တစ်ယောက် အမျိုးသမီး ငါးဦးအထိ တစ်ပြိုင်တည်း တွဲလေ့ ရှိပြီး သူမိခင်ဆီကိုလည်း ခေါ်ယူလာပြီး တွေ့ဆုံပေးလေ့ရှိတယ်လို့ သိရပါတယ်။

ဂျုန်းစ်ရဲ့ မိခင်ကတော့ အရင်က သူမရဲ့ သားဟာ အမြဲပဲ ဒီလို အသက်ကြီးကြီး အမျိုးသမီးတွေနဲ့ပဲ တွဲမယ် လို့ မထင်ခဲ့ကြောင်းနဲ့ ဒါဟာ ခဏတာ အခိုက်အတန့်ပဲလို့ ထင်မြင်ခဲ့ကြောင်း ပြောပါတယ်။ ဒါပေမယ့် ကြာလာတာနဲ့ အမျ ဂျုန်းစ် အပေါ်ကောင်းတဲ့ အမျိုးသမီးတွေနဲ့ အချိန်ကြာကြာတွဲလာတဲ့ အခါမှာတော့ ဒါဟာ အခိုက်အတန့်မဟုတ်ကြောင်း သူမ သဘောပေါက်ခဲ့တယ်လို့ ပြောပါတယ်။


World Myanmar News

မှတ်ချက်များ