ထိုင်းနိုင်ငံရေး မငြိမ်မသက်ဖြစ်နေချိန်မှာ အပေါ်ပိုင်းဗလာကျင်း အောက်ပိုင်း G string နဲ့ ထိုင်းမင်းသမီးရဲ့ ဗီဒီယိုဟာ ပေါ်ထွက်လာခဲ့ပါတယ်။
ဒီ ဗီဒီယိုနဲ့ပုံတွေကို ဖော်ပြခဲ့တဲ့ နာမည်ကျော် DailyMail ဝက်ဆိုက်ကိုလည်း လက်ရှိအာဏာသိမ်း ထိုင်းစစ်တပ်က ပိတ်ပင်လိုက်ပါတယ်။
ထိုင်းတော်ဝင်နန်းတော်ထဲမှာ ရိုက်ကူးထားခဲ့တဲ့ ဒီဗီဒီယိုမှာ တစ်ချိန်က စားပွဲထိုးလုပ်ခဲ့ဖူးတဲ့ မင်းသမီး Srirasmi ဟာ ဝတ်လစ်စလစ်နဲ့ဖြစ်ပြီး G string တစ်ခုကိုသာ ဝတ်ထားတာကို တွေ့ရပါတယ်။ နှစ်ကြိမ်လက်ထပ် ခဲ့ဖူးတဲ့ ထိုင်းအိမ်ရှေ့စံ Maha Vajiralongkorn ဟာ သာမန်မိသားစုကလာတဲ့ သူမကို ၂၀၀၁ ခုနှစ်က လက်ထပ်ရယူခဲ့တာဖြစ်ပါတယ်။
ဒီဗီဒီယိုမှာ မင်းသားနဲ့ မင်းသမီးဟာ သူတို့မွေးထားတဲ့ Foo Foo ဆိုတဲ့ ခွေးအတွက် မွေးနေ့ပွဲပြုလုပ်ပေးခဲ့ တာဖြစ်ပါတယ်။မင်းသမီးဟာ ခွေးစာခွက်ထဲက အစာကို စားတော့မလို လုပ်နေတဲ့ပုံအပါအဝင် အစေခံတစ်ယောက်က သူ့ရှေ့မှာ ဒူးထောက်နေတဲ့ပုံတွေလည်းပါတယ် လို့ဆိုပါတယ်။
လက်ရှိထိုင်းနိုင်ငံရေးမှာ ကျေးလက်နေလူတန်းစားများနဲ့ မြို့နေအခြေခံ အလုပ်သမားလူတန်းစာများရဲ့ ရှပ်နီများက တစ်ဖက်ဖြစ်ပြီး လူလတ်တန်းစားများ၊ အထက်တန်းလွှာများနဲ့ ဘုရင့်သစ္စာတော်ခံများပါဝင်တဲ့ ရှပ်ဝါများက တစ်ဖက်ဖြစ်ပါတယ်။ လက်ရှိအာဏာသိမ်းဗိုလ်ချုပ် Prayuth Chan-ocha တော်ဝင်မိသားစုနဲ့ နီးစပ်သူဖြစ်ပါတယ်။
မင်းသား Maha ဟာ သက်တော် ၈၆ နှစ်အရွယ်ရောက်နေပြီဖြစ်တဲ့ ဘုရင် ဘူမိဘောရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူလည်း ဖြစ်ပါတယ်။မင်းသားဟာယခင်အိမ်ထောင်ကရခဲ့တဲ့သူ့သား လေးယောက်ကို ပြည်နှင်ဒဏ်
ပေးထားသူလည်း ဖြစ်ပါတယ်။
မင်းသမီး Srirasmi နဲ့မင်းသားတို့မှာ ကိုးနှစ်အရွယ်သား တစ်ယောက်ရှိပါတယ်။ထိုင်းပြည်သူလူထုထဲမှာ သူ့ကို သဘောမကျသူတွေ အလွန်များတယ် လို့ဆိုပါတယ်။
ဖိုးသူတော် | World Myanmar

မှတ်ချက်များ