တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း အွန်လိုင်းပေါ်မှကြည့်ရမည်မဟုတ်

၂၀၁၂-၁၃ ပညာသင်နှစ်အတွက် တက္ကသိုလ်စာမေးပွဲ အောင်စာရင်းကြည့်ရှုနေသူများ (ဓာတ်ပုံ- ဂျေမောင်မောင် /အမရပူရ)

၂၀၁၃-၁၄ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နည်းပညာအားနည်းမှုကြောင့် အွန် လိုင်းပေါ်မှကြည့်ရှု၍မရနိုင်သေးကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်ကပြော သည်။

ဇွန်လ ၇ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အွန်လိုင်းမှ တစ်ဆင့် ကြည့်ရှုနိုင်မည့် သတင်းများပျံ့နှံ့နေသော်လည်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက မဟုတ် မှန်ကြောင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

‘‘အွန်လိုင်းကနေကြည့်လို့ မရသေးဘူး။ နည်းပညာအဆင့် မမီသေးဘူး။ ပညာရေးဝန်ကြီး ဌာနဝက်ဘ် ဆိုက်မှာလည်း အွန် လိုင်းကနေကြည့်လို့မရသေးတဲ့အကြောင်း ကြေညာထားပါတယ်၊ တစ်လခွဲ၊ နှစ် လလောက်ကြာမှတင်နိုင်ပါမယ်’’ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွန့်ကပြောသည်။

ပညာရေးဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သော www. moemyanmar.net တွင် ယခု ထုတ်ပြန်မည့် တက္ကသိုလ်ဝင်စာ မေးပွဲအောင်စာရင်းကို ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အင်တာနက်တွင်သတင်း များပျံ့နှံ့နေခြင်းဖြစ်သည်။

၎င်းဝက်ဘ်ဆိုက်တွင် လွန်ခဲ့သည့် ၂၀၁၂-၁၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မိမိစာစစ်ဌာနသင်္ကေတနှင့် ခုံအမှတ်တို့ကိုရိုက်ထည့်၍ ရှာဖွေကြည့်ရှုနိုင်သော်လည်း ၂၀၁၃-၁၄ တက္က သိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ကြည့်ရှုနိုင်ခြင်းမရှိပေ။

၂၀၁၃-၁၄ ပညာသင်နှစ်တွင်တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်စာရင်းပေးသွင်းသူငါး သိန်းရှစ်သောင်းကျော် ရှိခဲ့ပြီးစာမေပွဲဖြေဆိုရန်ပျက်ကွက်သူ လေးသောင်းကျော်ရှိခဲ့ကြောင်းမြန် မာနိုင်ငံစာစစ်ဦးစီးဌာနမှသိရသည်။

7daydaily

မှတ်ချက်များ