၆.၆.၂၀၁၄ ရက်နေ့ ၁၁၁၅ အချိန်တွင် လမ်းမတော် မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် လမ်း မတော်မြို့ နယ်၊ (၁၁)ရပ်ကွက်၊ လမ်းသစ်ရိပ်သာတွင် အပုပ်နံ့ ရကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းရိပ်သာရှိတိုက်ခန်းတွင်နေထိုင်သော ဒေါ်ကျင်မြ၊ (၇၄)နှစ်အားပြင်ပဒဏ်ရာမရှိဘဲ အိပ်ယာပေါ်တွင် ပက်လက်အနေအထားဖြင့်သေဆုံးနေသည် ကိုတွေ့ရှိရပါသည်။
၎င်းသည် အဆိုပါတိုက်ခန်းတွင်တစ်ဦးတည်းနေ ထိုင်သူဖြစ်ပြီးသွေးတိုးရောဂါရှိသူတစ်ဦးဖြစ်ကြောင်း စုံ စမ်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ လမ်းမတော်မြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

မှတ်ချက်များ