တစ်ခါကျင့်ထုံး တစ်သက်လုံး အသုံးပြုနိုင်သည်

ယောက်ျားတစ်ယောက်သည် မိန်းမတစ်ယောက် အား လွန်စွာကြိုက်နှစ်သက်၍ စွဲလမ်းတပ်မက် လျက်ရှိဧ။် ။

ထိုမိန်းမသည် အခြားယောက်ျားတစ်ယောက်နှင့် ချစ်ကျွမ်းဝင်ကာ ရယ်မောပြုံးရွှင်လျက် ရှိသည်ကို လည်းကောင်း၊အတူသွားလာနေသည်ကို လည်းကောင်း၊ ထိုစွဲလမ်းတပ်မက်သော ယောက်ျား က တွေ့မြင်ငြားအံ့၊ ထိုယောက်ျားသည်
စိတ်နှလုံး ဆင်းရဲပင်ပန်းရလေဧ။်။ မခံမရ ပ်နိုင်အောင် စိုးရိမ်ပူဆွေးရလေဧ။် ။

ထို့နောက် ထိုယောက်ျားသည် ‘ ငါကား ဤမိန်းမကို စွဲလမ်းတပ်မက် ကြိုက်နှစ်သက်မိခြင်းကြောင့် ယခုလို ဒုက္ခကြီးစွာခံစားရခြင်းပါတကား ‘ ဟူ၍ ဆင်ခြင် စဉ်စားမိလေဧ။်။ ထို့ကြောင့် ထိုမိန်းမအား စွဲလမ်းတပ်မက်သည့်စိတ်ကို ပြုပြင်ဆုံးမလေသည်။ လောကသ ဘာဝကို ကြောင်းကျိုးဆင်ခြင်ပြီး အမြင်မှန်ရလေသည် ။

နောက်တစ်ကြိမ်၌ ထိုမိန်းမကို အခြားယောက်ျားတစ်ယောက်နှင့် အတူယှဉ်တွဲလျက် တွေ့မြင်ရသော်လည်း စိတ်နှလုံးဆင်းရဲပင်ပန်းခြင်း မဖြစ်တော့ပေ။ နောင်တွင်လည်း မည်သည့်မိန်းမအတွက်နဲ့မျှ စိတ်ပင်ပန်းဆင်း ရဲခြင်းမဖြစ်နိုင်တော့ပေ ။

ဤဥပမာအတိုင်းပင် ဤလောက၌ ဆင်းရဲပင်ပန်းစေတတ်သည့် တရားသည်ရှိဧ။်။ ထိုတရားကို အမှန်အ တိုင်းသိမြင်စေရန်အတွက်ဆင်ခြင်သုံးသပ်၍ လမ်းစဉ်မှန်ဖြင့် ကျင့်သုံးအားထုတ်ငြားအံ့၊ ထိုကျင့်သုံးအား ထုတ်မှုကြောင့် စွဲလမ်းတပ်မက်မှု၊ လိုချင်နှစ်သက်မှုဟူသောတဏှာရာဂ ကုန်ခန်းနိုင်သည် ဟု ဆင်ခြင် မိငြားအံ့၊ ထိုအားထုတ်ခြင်းသည် ကောင်းသောအားထုတ်ခြင်း မည်ဧ။်။အကျိုးရှိသော အားထုတ်ခြင်းမည်ဧ။်

စွဲလမ်းတပ်မက်မှု၊ လိုချင်နှစ်သက်မှုဟူသော တဏှာရာဂ ကုန်ခန်းသည်ရှိသော် ဆင်းရဲပင်ပန်းခြင်း၊ ပူဆွေးရခြင်း ဟူသမျှသည်လည်းကင်းပျောက်တော့သည်သာတည်း ။

ဤလောက၌ သဘောတရားတစ်ခုကို အမှန်အတိုင်း သိမြင်လိုသောသူသည် လမ်းစဉ်မှန်ဖြင့် ကျင့်သုံးအားထုတ်ဧ။်၊ မိမိဧ။် ခန္ဓာကိုယ်ကိုသက်သက်သာသာ အလိုလိုက်၍မထားဘဲ ခြိုးခြံရောင့်ရဲစွာ ကျင့်သုံးအားထုတ်ဧ။်။ယင်းကဲ့သို့ ကျင့်သုံးအားထုတ်သဖြင့် အလိုရှိနေသောသဘောတရားအမှန် ကို ကောင်းစွာ သိမြင်ရရှိပြီးဖြစ်သော် ထိုသူသည် ထိုသဘောတရားအတွက် တစ်ဖန်ထပ်မံ ၍ ကျင့်သုံးအားထုတ်ရန် မလိုတော့ချေ။ ခြိုးခြံရောင့်ရဲစွာ ကျင့်သုံးအားထုတ်ရန်လည်း မလိုတော့ပေ ။ ။

(ဥပရိပဏ္ဏာသ ပါဠိတော်၊ ဒေဝဒဟသုတ်) * လေးမြိုင်ရေး – ဗုဒ္ဓဧ။် ဥပမာတစ်ထောင်မှ ။

Wara DarYee (ပေးပို့သူ)

မှတ်ချက်များ