မဲဆောက်တွင် မြန်မာနိုင်ငံသား ၁၅၀ ကျော် ဖမ်းဆီးခံရ


ကရင်ပြည်နယ်တဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၃ ဦးကို ထိုင်းစစ် တပ်က ဖမ်းဆီးပါတယ်။

မဲဆောက်အခြစိုက် စစ်တပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့်ရဲ တပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းတပ်ဖွဲ့ဟာ ဒီမနက်အရုဏ်မတက်ခင်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံးနေ ထိုင်ကြတဲ့ မဲဆောက်မြို့ ဘန့်ဆောင်ခွဲရပ်ကွက်ထဲမှာ ၀င်ရောက်ရှာဖွေပြီး တရားမ၀င်နေထိုင်သူတွေကို ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးခံရသူ စုစုပေါင်း ၁၆၃ ဦးထဲမှာ မြန်မာနိုင်ငံသား ကျား ၄၉၊ မ ၅၉ နဲ့ ကလေး ၅၅ ယောက် ပါဝင်ပါ တယ်။

ဖမ်းဆီးထားသူတွေကို နယ်ခြားသောင်းရင်းမြစ်မှတဆင့် မြန်မာနိုင်ငံ မြ၀တီဘက်ကို ပြန်လည်ပို့ဆောင် သွား မှာဖြစ်ပြီး သူတို့ကိုလက်ခံထားတဲ့ ထိုင်းအိမ်ပိုင်ရှင်တွေနဲ့ နေထိုင်ခွင့်ပြုထားတဲ့ မြေပိုင်ရှင်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အလားတူ ဖမ်းဆီးမှုတွေကို တခြားရပ်ကွက်တွေမှာ ပြုလုပ်သွားဦးမယ်လို့ထိုင်းအုပ်ချုပ်ရေးပိုင်းက ပြောပါ တယ်။

မဲဆောက်မြို့နယ်အတွင်း မြန်မာနိုင်ငံသား ၂ သိန်းလောက် နေထိုင်ကြတယ်လို့ မြန်မာအလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ စစ်တမ်းအရ သိရပါတယ်။

ဒီဗွီဘီ

မှတ်ချက်များ