အမြဲစိမ်းတော စွန့်စားခန်းအတွင်း ဖားများကို ကြောက်ရွံ့ခဲ့သည့် ဘက်ဟမ်း

အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းသည် အရင်းနှီးဆုံး သူငယ်ချင်း (၃)ဦးနှင့်အ တူ တောင်အမေရိကမှ တောနက်ကြီးများထဲ သွားရောက်ကာ BBCအတွက် မှတ်တမ်းဗီဒီယိုတစ်ခု ရိုက်ကူးရန် ကူညီပေး ခဲ့သည်။

အမြဲစိမ်း သစ်တော်ကြီးများအတွင်း စွန့်စားသွားလာခဲ့သည့် မှတ်တမ်းဗီဒီယို ခရီးစဉ်၌ ဖားများကြောင့် အထိတ်တ လန့် ဖြစ်ခဲ့ရကြောင်း ဒေးဗစ်ဘက်ဟမ်းက ဝန်ခံခဲ့သည်။ အင်္ဂလန် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း ဘက်ဟမ်းသည် အရင်းနှီးဆုံး သူငယ်ချင်း (၃)ဦးနှင့်အ တူ တောင်အမေရိကမှ တောနက်ကြီးများထဲ သွားရောက်ကာ BBCအတွက် မှတ်တမ်းဗီဒီယိုတစ်ခု ရိုက်ကူးရန် ကူညီပေးခဲ့ သည်။

(၁၂)ရက်ကြာ အတွေ့အကြုံသစ် ခရီးစဉ်တွင် ဖားများနှင့် အခြားသော တွားသွားသတ္တဝါများကို ကြောက် လန့်နေခဲ့မိကြောင်း ဘက်ဟမ်းက ဆိုသည်။ ဘရာဇီးလ်ရှိ တောနက်ကြီးများတွင် ရိုက်ကူးခဲ့သည့် အဆိုပါ မှတ်တမ်းဗီဒီယိုကို “David Beckham Into the Unknown”ဟု အမည်ပေးထားသည်။

အသက်(၃၉)နှစ်ရှိ ဘက်ဟမ်းက မိမိအတွက် အစိမ်းသက်သက် ဖြစ်နေသည့် ပတ်ဝန်းကျင်တွင် နေထိုင် ခဲ့ရခြင်းအတွက် မသက်မသာ ခံစားမိခဲ့ကြောင်း ဝန်ခံခဲ့သည်။ “တော်တော် ဆိုးတယ်ဗျ။ ကျွန်တော် အကြောက်ဆုံးက ဖားတွေပဲ။ ဖားတွေ တော်တော်များများ တွေ့ခဲ့တယ်။ ကျွန်တော်က ဖားတွေကို သဘော ကျတဲ့သူမျိုး မဟုတ်ဘူးလေ။ တချို့ဖားကြီးတွေက လိမ္မော်ရောင် တောက်တောက်တွေဗျ။ ပြီးတော့ အရမ်းအ ဆိပ်ပြင်းတယ်လို့လည်း ကျွန်တော့်ကို ပြောပြထားကြတော့ သူတို့နဲ့ ပတ်သက်ပြီး စိတ်ထဲမှာ မရိုးမရွ ဖြစ် မိတယ်”ဟု ဘက်ဟမ်းက ဆိုသည်။

ဘက်ဟမ်းက တောင်အမေရိကသို့ မထွက်ခွာမီ ဇနီးသည် ဗစ်တိုးရီးယား ဘက်ဟမ်းထံမှ ဖက်ရှင်ဆိုင်ရာ အကြံပေးမှု တစ်ခုကို ရရှိခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ “သူကပြောတယ်ဗျ။ သူသာဆိုရင် ဆံပင်ပုံစံ ပျက်မှာကြောက်လို့ လေထု စိုထိုင်းဆ များနေတဲ့ တိုင်းပြည်တွေကို မသွားဘူးတဲ့။ ကျွန်တော်က ဘာသွား လုပ်မှာလဲလို့လည်း မေးတယ်။ ပြီးတော့ ဆံပင်ပုံစံ မပျက်အောင် အမြဲတမ်း ဦးထုပ်ဆောင်းသွားဖို့လည်း မှာလိုက်တယ်လေ”ဟု ဘက်ဟမ်းက ရယ်ရယ်မောမော ပြောဆိုသွားသည်။

Planet

မှတ်ချက်များ