ဖာဂူဆန်ကို ဂုဏ်ပြုထားသည့် Super Fergie ဗီဒီယိုဂိမ်း


ယူနိုက်တက်ကို အောင်မြင်မှု ဆုဖလားပေါင်းများစွာ ဆွတ်ခူးရယူပေးခဲ့သည့် စကော့သား မန်နေဂျာကြီးအား ၎င်း၏ ကြီးမြင့်ထင်ရှားမှု လမ်းကြောင်းပေါ်တွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်အောင် ဂိမ်းကစားသူက ကူညီပေးရမည် ဖြစ်သည်။

မန်ချက်စတာ ယူနိုက်တက် အသင်းနှင့်အတူ ခမ်းနားသည့် (၂၆)နှစ်တာ ကာလများကို ဖြတ်သန်းပြီးနောက် ဆာအဲလက်စ် ဖာဂူဆန် အနေဖြင့် ဘောလုံးမန်နေဂျာ ဘဝမှ အနားယူသွားပြီး ဖြစ်သည်။ ၎င်းကို အမျိုးမျိုး အဖုံဖုံ ဂုဏ်ပြုမှုများ ရှိခဲ့ရာ ယခုအခါ ဗီဒီယိုဂိမ်းလေး တစ်ခုအဖြစ် ဂုဏ်ပြုမှုလည်း ပါဝင်လာခဲ့သည်။ Super Fergieဟု အမည်ပေးထားသည့် အဆိုပါဂိမ်းသည် အန်တန်အယ်လ်ဖီ၏ လက်ရာဖြစ်သည်။ အဆိုပါ ရိုးရှင်းသော ဂိမ်းလေးကို အယ်လ်ဖီက ၎င်း၏ YouTubeဝက်ဘ်ဆိုက် Channelပေါ်တွင် လွှင့်တင်ခဲ့သည်။

ယူနိုက်တက်ကို အောင်မြင်မှု ဆုဖလားပေါင်းများစွာ ဆွတ်ခူးရယူပေးခဲ့သည့် စကော့သား မန်နေဂျာကြီး အား ၎င်း၏ ကြီးမြင့်ထင်ရှားမှု လမ်းကြောင်းပေါ်တွင် မှန်ကန်စွာ လျှောက်လှမ်းနိုင်အောင် ဂိမ်းကစားသူက ကူညီပေးရမည် ဖြစ်သည်။ လမ်းတစ်လျှောက်တွင် အခက်အခဲများအဖြစ် ဆာအဲလက်စ်ကို စိန်ခေါ်ခဲ့သည့် မန်နေဂျာ ပြိုင်ဘက်များကို ဖြတ်ကျော်ရမည် ဖြစ်သည်။

အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးသည် ၎င်း၏ Trademarkဖြစ်သည့် မိုးကာကုတ်အင်္ကျီရှည် ဖားဖား ကြီးဖြင့် ရှိနေမည် ဖြစ်သလို ရောဘတ်တို မန်စီနီနှင့် ရာဖာဘင်နီတက်ဇ်တို့ကဲ့သို့ ဆာအဲလက်စ်၏ ပြိုင်ဘက်ဟောင်းများသည်လည်း ယခုဂိမ်းတွင် နှောင့်ယှက်တားဆီးသူများအသွင် ပါဝင်နေမည်ဟု ဆိုသည်။ ဂိမ်းကစားသူ အနေဖြင့် ဆာအဲလက်စ်၏ ကိုယ်စားပြု ဇာတ်ကောင်လေးအား ယင်းတို့ထံမှ လွတ်မြောက်အောင် လမ်းကြောင်းရှာ ရှောင်ရှားပေးပြီး ဆုဖလားများထံ အရောက်လှမ်းအောင် ကူညီပေးရန် ဂိမ်းကို ဖန်တီးရေးဆွဲထားကြောင်း သိရှိရသည်။

Planet

မှတ်ချက်များ