၁၂နှစ်သား ဆယ်ကျော်သက်ကောင် လေးတစ်ေ ယာက်ကို သွေးဆောင်ခေါ်ယူသတ် ဖြတ်ခဲ့တဲ့ တက္ကစီမောင်းသမား ဘရိုင်ယန်ဟွန်း ဆိုသူကို တရားရုံးက သေဒဏ်ချမှတ်လိုက်ပါ တယ်။
ယခင်မုဒိမ်းမှုတရားခံ ၃၇နှစ်အရွယ်ရှိ ဘရိုင်ယန် ဟာ ယခုပြစ်မှုကို ၂ဝ၁ဝပြည့်နှစ် မတ် ၁ဝရက်က ကျူးလွန်ခဲ့ခြင်းဖြစ်ပါတယ်။ ဘရိုင်ယန်ဟာ ဖုန်းမက်ဆေ့ခ်ျကတစ်ဆင့် ဂျက်စတင်ဘလို ဇွန်ကို သွေးဆောင်ခေါ်ယူခဲ့ပါတယ်။
ဘရိုင်ယန် ဟာ သူ့ကိုယ်သူ ၁၅နှစ်အရွယ်မိန်းကလေးတစ် ယောက်ဟုပြောကာ ဂျက်စတင်ကို သွေးဆောင် ဖြားယောင်းခဲ့ပြီး လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှုမက် ဆေ့ခ်ျတွေ ပေးပို့ခဲ့ပါတယ်။ ဂျက်စတင်က သူ ဟာ ၁၂နှစ်အရွယ်သာရှိသေးကြောင်း ရှက်ရမ်း ရမ်းတုံ့ဆိုင်းဆိုင်းပြန်လည် မက်ဆေ့ခ်ျပေး ပို့ခဲ့ ပေမယ့် ၂ဝ၁ဝမတ် ၁ဝရက် နံနက်၃နာရီမှာတော့ စိတ်ကူးထဲက ၁၅နှစ်အစ်မကြီးကို သွားတွေ့ဖို့ ဆုံး ဖြတ်ခဲ့ပါတော့တယ်။
ချိန်းဆိုထားတဲ့ တက္ကစီကားပေါ်တက် ချိန်မှာတော့ ယုတ်မာတဲ့ဘရိုင်ယန်ရဲ့သတ်ဖြတ်မှုကို ခံခဲ့ရပါတော့ တယ်။ ဘရိုင်ယန်ဟာ ဂျက် စတင်ရဲ့အလောင်းကို သယ်ဆောင်ပြီး အမေရိ ကန် ဟိုင်းဝေးလမ်းအမှတ် ၁၇ ပေါ်ကို ဆီကုန်တဲ့ အထိ မောင်းနှင်ထွက်ပြေးခဲ့ပါတယ်။
ဂျက်စတင် ရဲ့အလောင်းကို စွန့်ပစ်ခဲ့တဲ့နေရာနဲ့ မနီးမဝေးမှာ ဘရိုင်ယန်ကျပျောက်ခဲ့တဲ့ကားသော့ကို တွေ့ရှိ ခဲ့ ရပြီး ဂျက်စတင်ရဲ့အလောင်းမှာ မသေခင် လည် ပင်းညှစ်ထားပုံရတဲ့ဒဏ်ရာတွေ ရှိနေခဲ့ပါတယ်။
တရားရုံးမှာစစ်ဆေးတဲ့အခါ ဘရိုင်ယန် ရဲ့ဇနီးဖြစ်သူက ခင်ပွန်းဖြစ်သူဟာ လိင်ဆက်ဆံမှု ပြုစဉ်လည်ပင်း ညှစ်တတ်တဲ့အကျင့်ရှိပြီး ဘရိုင်ယန် ရဲ့ချစ်သူဟောင်းတစ်ဦးကလည်း သူမလည်းကြုံ တွေ့ခဲ့ရကြောင်း ထွက်ဆိုခဲ့ပါတယ်။
ဘရိုင်ယန်ဟာ ဂျက်စတင်အမှုမတိုင် ခင် အသက်၂ဝအရွယ်တုန်းက ၁၄နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရိုက်နှက်မုဒိမ်းကျင့် မှုအတွက် ထောင်ဒဏ်ငါးနှစ်ကျခံခဲ့ရဖူးပြီး အသက် ၁၉နှစ်အရွယ်တုန်းကလည်း ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို မဖွယ်မရာ ပြုလုပ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံရဖူးသူဖြစ် ပါတယ်။
ဂျက်စတင်ဟာ နှာခေါင်းနဲ့ ပါးစပ် တွေကို အသက်ရှူရပ်အောင်ပိတ်ဆို့ခံရ တဲ့အတွက် သေဆုံးခဲ့ရခြင်းဖြစ် တယ်လို့ သိရပါတယ်။ ဂျက် စတင်ရဲ့မိခင်ဖြစ်သူဟာ ယခုတိုင် ဂျက်စတင်ရဲ့ အခန်းကို တို့ထိခြင်းမရှိသေး ဘဲ ဂျက်စတင်ရဲ့ရနံ့ တွေကို ခံစားနေရဆဲဖြစ်တယ်လို့ ဆိုရှာပါတယ်။ ဂျက်စတင်ရဲ့အိပ်ရာကိုလည်း မပြောင်းရက်ဘူး လို့ ဆိုပါတယ်။
ဂျက်စတင်ရဲ့မိခင်ဟာ ယခုအခါ လူစီရာနာ၊ တက္ကဆက်နဲ့ အိုကလာ ဟိုးမားပြည် နယ်တွေမှာ မုဒိမ်းမှုတရား ခံများကို ယာဉ် လိုင်းပို့ဆောင်ရေးလုပ်ငန်းတွေမှာ အလုပ် လုပ်ခြင်းက တား ဆီးပိတ်ပင်တဲ့ဥပဒေ ပြဋ္ဌာန်းဖို့ ကြိုးပမ်းဆောင်ရွက်နေ တယ်လို့ သိရပါတယ်။
Globe Magazine | Flower News Journal

မှတ်ချက်များ