ဆရာတို့ အနစ်နာခံခဲ့တယ်


အိန္ဒိယနိုင်ငံမှ Mr Mallik လို့ အမည်တွင်သော ဆရာဟာ နေ့တိုင်း မြစ်ကိုရေကူး၍ ဖြတ်ကာ ကျောင်းသို့ နံနက် ၉ နာရီရောက်အောင် သွားပါတယ်။ ရေကူးပြီး သွားရတဲ့ အကြောင်းရင်း ကတော့ ကျောင်းသို့စောရောက်ရန်နှင့် တပည့်များကို စာသင်ရန် အချိန်ပိုရအောင် သွားရခြင်း ဖြစ်ပါတယ်။

ထိုကျောင်းသို့ ကားဖြင့်သွားလျှင် ၃ နာရီကြာပြီး မြစ်မှ ရေဖြတ်ကူးသွားပါက အနည်းငယ် အချိန်စောပြီး ရောက်ပါတယ်။ ဒါ့အပြင် ရေကူးပြီး တောင်တက်လမ်းကြမ်းကို မီးနစ်အနည်းငယ် သွားမှသာ ကျောင်းသို့ ရောက်ပါတယ်ဟု ဆရာဖြစ်သူက ပြောပါတယ်။ ဒါကြောင့် ကျောင်းသို့ရောက်ရန် ကုန်းတစ်ထန် ရေတစ်ထန် မိုးတစ်ထန်နဲ့ သွားရတယ်လို့ ဆိုရမှာပေါ့။

သူဝတ်ထားသော အဝတ်အစားတွေကို အထုပ်ထုပ်ကာ လက်တစ်ဖက်ဖြင့် မြောက်ပြီး ရေကူးသွားပါ တယ်။ ရေကူးရာတွင် အကူအဖြင့် ဘောကွင်းတစ်ခုကို ခါးမှချိတ်ပြီး ကူးသည့်အတွက် အန္တရာယ်ကင်းစွာ ရှိပါတယ်ဟာ ဆရာဖြစ်သူ Mr Mallik က ဆိုပါတယ်။ သူ၏ အသက်ကတော့ ၄၀ ဖြစ်ပြီး ကျောင်းမှာ လုပ်သက် အနှစ် ၂၀ ရှိပါပြီ။ ယခု သူရရှိတဲ့ လစာကတော့ Rs ၂၅၀၀၀ ဖြစ်ပါတယ်။ သူဟာ ကျောင်းသားတွေကို အလွန်ပင် ချစ်ခင်ရုံသာမက သားသမီး အရင်းများကဲ့သို့ ပြုမူဆက်ဆံ ပါတယ်။

ဒါကြောင့် Mr Mallik ဟာ အတုယူဖွယ် စံပြထိုက်သော ဆရာကောင်း တစ်ယောက် ဖြစ်ပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ