ဥပက္ခောပြုနိုင်ဖို့ ပြင်ဆင်ထားပါတယ်
လတ်တလောအနုပညာလှုပ်ရှားမှုတွေက …. မဂ္ဂဇင်း၊ ဂျာနယ်တွေအတွက် ဓါတ်ပုံတွေရိုက်တယ်၊ ဗီစီဒီရိုက်တာတွေရှိတယ်၊ ဆာတိုရီနဲ့ဇာတ်ကားရိုက်ဖို့ ရှိပါတယ်။
ဆာတိုရီထုတ်လုပ်ရေးနဲ့စာချုပ်ချုပ်ထားတာတော့ မဟုတ်ပါဘူး၊ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက် ပြီးရှေ့ က၀ါရင့်သရုပ်ဆောင်တွေလုပ်တာကို ကြည့်တယ်၊ လေ့လာပါတယ်၊ နောက်ပြီး ဆာတိုရီ ကလည်း Pre Shooting တွေလည်း လုပ်ပါတယ်။
အနုပညာလောကထဲကိုဝင်ရောက်လာဖို့ အများကြီးပြင်ဆင်ခဲ့ရတာတော့ မရှိပါဘူး၊ဆရာတွေက လည်း ဟြေပြပါတယ်၊ ဒီလောကထဲဝင်ရင် စိတ်ဓာတ်ကြံ့ခိုင်ဖို့လိုပါ တယ်တဲ့၊ စိတ်ထားထားတတ်ဖို့လိုတယ် လို့လည်း ဟြေပြပါတယ်၊ အဓိကကတော့ ဒီလောကထဲဝင်ဖို့ ညီမစိတ်ဓာတ်ကိုအရင်ထားတတ်အောင် လုပ်ခဲ့ပါတယ်။
ဒီလောကထဲက အောင်မြင်မှုဒဏ်ရော၊ ရှုံးနိမ့်မှုဒဏ်ရော အကုန်ကြိုတွေးထားပါတယ်၊အဆင် သင့်ဖြစ်အောင် လည်း အများကြီးကြိုတွေးထားပါတယ်။
ဒီလောကထဲဝင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာပြုပြင်ထားတာဆိုရင် ကိုယ့်ကိုဘာဟြေဟြေ ဥပက္ခောပြုနိုင် ဖို့ ပြင်ဆင်ထားပါတယ်၊ သည်းခံနိုင်အောင်လည်း ပြင်ဆင်ထားပါတယ်၊
ညီမရဲ့စီနီယာတွေထဲကဆိုရင် မဖွေးဖွေးရဲ့သရုပ်ဆောင်တာတွေကို အများဆုံးကြည့်ဖြစ်ပါတယ်။
ညီမကဇာတ်ရုပ်တွေဆိုရင် အရမ်းဖန်စီမကျဘဲ ဒရာမာဆန်ဆန်ဇာတ်ရုပ်တွေကို ပိုသဘောကျပါတယ်၊ ဖက်ရှင်နဲ့ပတ်သက်ရင်တော့ ပေါ့ပေါ့ပါးပါးဖက်ရှင်တွေကို ပဲသဘောကျပါတယ်။
ဇာတ်ကားသုံးကားရိုက်ပြီးသွားပါပြီ၊ ပထမဆုံး တကားက ကိုရဲတိုက်နဲ့ပါ၊ ဒုတိယ တကားကတော့ မြန် မာနိုင်ငံဆရာဝန်အသင်းက လူငယ်တွေနဲ့ရိုက်ထားတာပါ။
တတိယကားကတော့ စစ်ဆေးဆရာဝန်မလေးပုံစံရိုက်ထားပါတယ်။
ဧရာဝတီအတွက် ဒီလိုထူးထူးခြားခြား Outdoor Shooting ကို မဟာဗန္ဓုလတံတားပေါ်မှာ ရိုက်ရတဲ့အ တွက် စိတ်ခံစားမှုလေးတခုရသလို ပျော်လည်း ပျော်မိပါတယ်၊ ဧရာဝတီရဲ့ ပရိသတ်တွေ ကျန်းမာချမ်းသာ ကြပါစေ၊ ညီမလည်း အနုပညာအလုပ်တွေကို ကြိုးစားပါမယ်၊အဲ့ဒီအတွက် ဝေဖန်အကြံပေးကြပါလို့ ဟြေ ချင်ပါတယ်။
မြတ်သူအောင်

မှတ်ချက်များ