၎.၅.၂၀၁၄ရက်နေ့၁၆၀၀အချိန်တွင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း၌မော်တော်ယာဉ်တစ်စီးမောင်းနှင် လာစဉ် သစ်ပင်လဲကျပိမိသဖြင့် ယာဉ်မောင်းအမျိုးသား ဒဏ်ရာရသေဆုံးသွားကြောင်းသိရှိရပါသည်။
ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ယာဉ်မောင်း ကိုသိန်းဇော်ဦး၊ (၁၉)နှစ်သည် 9F—- Probox အငှားယာဉ် အား မြို့မကျောင်းလမ်းအတိုင်းမောင်းနှင်လာစဉ် အမှတ် (၁၄၀)ခြံဝင်းအတွင်းရှိ စိန်ပန်းပင်မှာ မိုးရွာသွန်းမှုကြောင့် အမြစ်မှကျွတ်ထွက်ပြီး လမ်းပေါ်သို့လဲကျခဲ့ရာ ယာဉ်ပေါ်သို့ပိမိခဲ့သဖြင့် ယာဉ်ပျက်စီးပြီး ၎င်းတွင် ယာပေါင်နှင့် ၀မ်းဗိုက်ဝဲဘက်တို့၌ ပေါက်ပြဲဒဏ် ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့ပို့အပ်ကုသနေ စဉ် ၁၈၃၀ အချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြို့မရဲစခန်းသေမှုသေခင်းအမှတ်စဉ် (၄/၂၀၁၄) ဖြင့်ရေးဖွင့်ကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်

မှတ်ချက်များ