ဘက EDU ဝိုင်းလို့ကူဖို့ လူငယ်ပရဟိတသမား ၂ဝလောက် တွေ့ဆုံကြ


ရန်ကုန်တိုင်းထဲက ဘုန်းတော်ကြီးသင် ပညာသင်ကျောင်း ၁၉၅ကျောင်းက ကျောင်းသားကျောင်းသူ ၆သောင်းကျော်အတွက် စားရေကိရိယာတွေ လှူနိုင်ဖို့ ဘက ပညာရေးအတွက် လိုအပ်တာတွေ ထောက်ပံ့ဖို့ ဘက EDU ဝိုင်းလို့ကူ အစီအစဉ်ကို စတင်ဖို့ လူငယ် ၂ဝလောက် တွေ့ဆုံခဲ့ကြပါတယ်။

ရန်ကုန်မြို့ စိမ်းလန်းစိုးမြေ စားသောက်ဆိုင်မှာ ပရဟိတစိတ်ဝင်စားတဲ့ လူငယ် ၂ဝကျော်ဟာ တွေ့ဆုံ ခဲ့ကြပြီး ဒီအစီအစဉ်ပေါ်ပေါက်ဖို့ ဘကကျောင်း ၁၉၅ကျောင်းကို စားရေကိရိယာတင် ထောက်ပံ့ဖို့ မဟုတ် ဘဲ ရေရှည်ရပ်တည်ရေး ပုံမှန်ဝင်ငွေရအောင် လုပ်သွားဖို့ ကူညီကြမယ်လို့ ဆိုပါတယ်။

ဘက ကျောင်းတွေက ကလေးတွေဟာ မပြည့်စုံတာတွေများနေသလို အင်တာနက်ဖြည့်ဆည်းပေးဖို့ ကမ်းလှမ်းမှုတွေရှိတာကြောင့် ဘုန်းကြီးကျောင်းပညာရေးကို ICT နဲ့ချိတ်ဆက်ပြီး ကမ္ဘာမှာ ဘာတွေဖြစ်နေ သလဲဆိုတာ သင်ယူနိုင်ဖို့ဖြစ်တယ်လို့ ရှင်းပြပါတယ်။

ဆရာစံပလာဇာမှာ လာမယ့် ဇွန် ၂၂ရက်ကစပြီး စာရေးကိရိယာအရောင်းဆိုင်တွေကို ဈေးချိုချိုနဲ့ဖွင့်လှစ်ပြီး ဘက ကျောင်း ၁၉၅ကျောင်းအတွက် အလှူခံမယ်လို့ ဆိုပါတယ်။ ဒီဈေးရောင်းပွဲမှာ နိုင်ငံကျော် အနုပညာ ရှင်တွေလည်း ပါဝင်မှာဖြစ်တယ်လို့ မယဉ်မင်းဖြိုးက ဆိုပါတယ်။

ဘက EDU ဝိုင်းလို့ကူ အစီအစဉ်ကို တရားဝင်အဖွဲ့အဖြစ် ထူထောင်သွားမှာဖြစ်ပြီး အခုတော့ ကူညီသူ ၂ဝရှိနေပြီး လိုအပ်တဲ့ မဟာဗျူဟာပိုင်းကို Professional Marketers Association က အကြံပေးအဖြစ် ပါဝင်ကူညီနေတယ်လို့ ဆိုပါတယ်။


kamayutmedia

မှတ်ချက်များ