Miss Universe Thailand အလှမယ် သရဖူစွန့်လွှတ်
မယ်စကြ၀ဠာပြိုင် ပွဲတွင် ထိုင်းနိုင်ငံကိုယ်စားပြု ယှဉ် ပြိုင်ရန် ရွေးချယ်ခံထားရသော အလှမယ် Weluree Ditsayabut ခေါ် Fai သည် ရှပ်နီဆန့်ကျင်ရေး မှတ်ချက်များ အပါအ၀င် လူမှုမီ ဒီယာများတွင် မသင့်လျော်သော ဝေဖန်ချက်များနှင့် ၎င်း၏ ၀၀ ကစ်ကစ်ပုံပန်းသဏ္ဌာန်ကြောင့် ပြည်သူများ၏ ဝေဖန်မှုကို ခံရ၍ အလှမယ်သရဖူကို ဇွန်လ ၉ ရက်တွင် စွန့်လွှတ်လိုက်သည်။
Fai က ၎င်းသည် ထိုင်းမယ် စကြ၀ဠာဆုကို အကြွင်းမဲ့ စွန့် လွှတ်ရန် ဆုံးဖြတ်လိုက်ကြောင်း ဘန်ကောက်မြို့ ဟိုတယ်တစ်ခု တွင် ပြုလုပ်သည့် သတင်းစာရှင်း လင်းပွဲ၌ ပြောသည်။
‘‘ကျွန်မစိတ်သဘောအရ ဆုံးဖြတ်ချက်ချလိုက်တာဖြစ်ပါ တယ်။ ကျွန်မကို အလှမယ်အ ဖြစ် ရွေးချယ်ခဲ့တဲ့ ဒိုင်လူကြီးတွေ အားလုံး၊ ကျွန်မမိဘနှစ်ပါး၊ သူ ငယ်ချင်းများနဲ့ ကျွန်မကိုစောင့် ရှောက်ပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ မီဒီယာတွေ ကနေ တစ်ဆင့်အဆိုး၊ အကောင်း အားလုံးကို ဝေဖန်ပေး ခဲ့သူတွေ အားလုံးကိုလည်း ကျေးဇူးတင်ပါ တယ်’’ဟု မျက်ရည်ဝိုင်းနေသော ၎င်းကပြောသည်။
Miss Universe Thailand သရဖူကို စွန့်လွှတ်ရ၍ ၀မ်းနည်း လိမ့်မည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။
7day

မှတ်ချက်များ