Old School တွေနဲ့ အတိတ်ကိုပြန်စီးမြောခွင့်ရမယ့် အမျိုးသား ၁ဝယောက် ပွဲ


တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့ အမျိုးသားအဆိုတော် ၁ဝယောက်စုပေါင်းပြီး Ten Gentlemen Show ကို ဇွန် ၂ရက်နေ့က အမျိုးသားဇာတ်ရုံမှာ ဖျော်ဖြေခဲ့ပါတယ်။ အတိတ်ရဲ့ ရင်ခုန် သံတွေကို ဖမ်းဆုတ်ပေးနိုင်မယ့် Old School အဆိုတော်တွေက ဘယ်သူတွေလဲ။ သူတို့အရင်လိုပဲ ဆိုနိုင်သေးရဲ့လား။

သူ့ပရိသတ်နဲ့သူ အခိုင်အမာအားပေးမှုကို ရမြဲရနေကြဆဲ အဆိုတော်တွေကိုတော့ ဗစ်တာခင်ညို၊ ဘိုဘိုဟန်၊ စိန်ဝင်းထွန်း၊ ကံကော်တောမျိုးအောင်၊ ကိုင်ဇာ၊ ခိုင်ထူး၊ ဇော်ဝင်းရှိန်၊ စိန်သစ်၊ ဝေမိုးနဲ့ စိုင်းဆိုင်မောဝ်ပဲဖြစ်ပါတယ်။

ပရိသတ် ရင်းနှီးပြီးသားသီချင်းတွေကို ရွေးထားပြီး အားပေးမှုကို မျှော်လင့်ထားသူက စိုင်းဆိုင်မောဝ်ပါ။ အခုခေတ် ဂီတသမားတွေ သူတို့နေရာကို ဆက်ဆံကြပါဆိုပြီး နေရာဖယ်ပေးခဲ့ပါတယ်။ ဒီပွဲအတွက် ၄-၅လ ကြိုပြင်ဆင်ထား တာကြောင့် စိတ်ကြိုက်ပွဲပါလို့ ဆိုပါတယ်။

သီချင်း ၄ပုဒ် သီဆိုမယ့် ဗစ်တာခင်ညိုကတော့ အသက်လေးရလာလို့ Show တွေမှာ ဆက်တိုက်မ ဆိုနိုင်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ပရိသတ်အတွက် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆိုရမယ့်ဆိုလို့ စိတ်ချမ်းသာနေ ပါတယ်။

SSM Music Band နဲ့ တွဲဖက်သီဆိုတဲ့ Ten Gentlemen Show ကို လာအားပေးတဲ့ ပရိသတ်တစ်ယောက် က ဒီအဆိုတော်တွေကို တကယ့်အနုပညာရှင်တွေလို့ ယူဆသလို အသက်အရွယ်ကြောင့် အခက်အခဲရှိပေ မယ့် အတွေ့အကြုံကြောင့် ဆိုနိုင်ကြမှာပါလို့ ယုံကြည်နေသူပါ။




တင်ဆက်မှု ရုပ်/သံ
 
kamayutmedia

မှတ်ချက်များ