တီဇန် OS အခြေခံ ပထမဆုံးစမတ်ဖုန်း ဆမ်ဆောင်းမိတ်ဆက်ရန်စီစဉ်
ဆမ်ဆောင်းကုမ္ပ ဏီက ၎င်းတို့၏ တီဇန် operating system အခြေခံထားသော ပထ မဆုံးစမတ်ဖုန်းတစ်မျိုး ကို မိတ် ဆက်ရန် စီစဉ်နေသည်။
ယင်းအစီအစဉ်မှာ ဂူးဂဲလ် ကုမ္ပဏီ၏ Andriod OS အပေါ် မှီခိုနေရခြင်းကို လျှော့ချရန်နှင့် ကိုယ်ပိုင် OS သုံးစွဲနိုင်ရန် ဆမ် ဆောင်းကုမ္ပဏီ၏ နောက်ဆုံးကြိုး ပမ်းမှုတစ်ခုဖြစ်သည်။ မျက်နှာ ပြင်အကျယ် ၄ ဒသမ ၈ လက်မရှိ ပြီး HD အမျိုးအစား မျက်နှာပြင် ပါဝင်ကာ လက်ဗွေရာအာရုံခံ ကိ ရိယာကဲ့သို့ Function များပါဝင် သည့် ဆမ်ဆောင်းဇက်ဟု အမည် ပေးထားသော စမတ်ဖုန်းသစ်ကို ဇွန်လ ၃ ရက်တွင် ဆန်ဖရန်စစ္စ ကိုမြို့၌ ကျင်းပမည့် တီဇန် ဆော့ဖ်ဝဲရေးသူများ ညီလာခံတွင် မိတ်ဆက် ပြသသွားမည်ဟု တောင်ကိုရီးယားနိုင်ငံ အခြေစိုက် ဆမ်ဆောင်းကုမ္ပဏီက ဇွန်လ ၁ ရက်တွင် ပြောသည်။
ယင်းစမတ်ဖုန်းသစ်များကို ရုရှားနိုင်ငံတွင် ဇူလိုင်နှင့် စက် တင်ဘာလအတွင်း ၀ယ်ယူရရှိနိုင် မည်ဖြစ်ကာ အခြားဈေးကွက်များ သို့ နောက်ပိုင်းတွင် ဖြန့်ချိသွား မည်ဟု ဆမ်ဆောင်းကုမ္ပဏီက ပြောကြားသော်လည်း မည်သည့် ဈေးကွက်ဖြစ်ကြောင်း ပြောကြား ခြင်းမရှိပေ။
ဆမ်ဆောင်း ကုမ္ပဏီ၏ ထုတ်ကုန်အများစုမှာ ဂူးဂဲလ်ကုမ္ပ ဏီ၏ Andriod OS ကို အသုံးပြု ထားသည်။
Andriod နှင့် Apple ကုမ္ပဏီ ၏ iOS တို့မင်းမူနေမှုကို တိုးမြှင့် စိန်ခေါ်ရန် လိုအပ်သည့် ၀န် ဆောင်မှုများနှင့် အက်ပလီကေး ရှင်းများရေးဆွဲရန် လုံလောက် သော ဆော့ဖ်ဝဲရေးသားသူများကို ဆမ်ဆောင်းကုမ္ပဏီအနေဖြင့် ဆွဲ ဆောင်နိုင်ရန် ခက်ခဲလိမ့်မည်ဟု လေ့လာသူများက ပြောသည်။
Reuters

မှတ်ချက်များ