မြန်မာနိုင်ငံထဲက အသွားသင့်ဆုံး အလှဆုံး နေရာ ၁၀ ခု
အမေရိကန်နိုင်ငံအခြေစိုက် Luminous Journeys ခရီးသွားလုပ်ငန်းဟာ ကမ္ဘာလှည့် ခရီးသွားတွေအနေ နဲ့ မြန်မာနိုင်ငံထဲက သွားသင့်တဲ့ အလှပဆုံး နေရာ ၁၀ ခု စာရင်းကို ထုတ်ပြန်ပေးလိုက်ပါတယ်။
အာရှနိုင်ငံထဲမှာ ကိုလိုနီခေတ် လက်ရာအများဆုံး ကျန်ခဲ့တဲ့ မြို့ဖြစ်တာရယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ လောက်ကတည်းက တည်ခဲ့တဲ့ ရွှေတိဂုံစေတီ တည်ထားတာ၊ ပြုပြင်မှု လုံးဝ မလုပ်ရသေး တာကြောင့် ရန်ကုန်မြို့ကို အလှဆုံးနေရာ တခုအဖြစ် သတ်မှတ်ထားပါတယ်။
အခြားသော ပုဂံ၊ မန္တလေး၊ အင်းလေးကန်၊ ကျိုက်ထီးရိုးစေတီ၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ ကျိုင်းတုံ နဲ့ ရွှေတြိဂံဒေသ၊ ဘားအံမြို့၊ ပူတာအိုမြို့၊ ငပလီကမ်းခြေနဲ့ ငွေဆောင် ကမ်းခြေတွေကိုလည်း စာရင်းထဲ မှာ ဖော်ပြထားပါတယ်။
DVB

မှတ်ချက်များ