ကန်ထရိုက်တိုက်အချို့ လူပြတ်ချိန် လှေကားပေါ်တက် မူးယစ်ဆေးသုံးသူများရှိနေ
ရန်ကုန်မြို့ရှိ ကန်ထရိုက် တိုက်အချို့တွင် နေ့ခင်းဘက်လူခြေပြတ်ချိန်၌ ကန်ထရိုက် တိုက် လှေခါး ၀င်ပေါက်မှတစ် ဆင့်တက်၍ ဆယ်ကျော်သက်လူ ငယ်အချို့ မူးယစ်ဆေးဝါး လာ သုံးလေ့ရှိကြောင်း ရန်ကုန်မြို့နေ ပြည်သူများက ပြောသည်။
ရပ်ကွက်အတွင်း နေထိုင်သူများမဟုတ်ဘဲ အခြားမှလာ ရောက်သော အသက်(၂၀)နှင့် (၃၀)ကြား လူငယ် အချို့သည် ကန်ထရိုက်တိုက် လှေကားတွင်မူးယစ်ဆေးဝါးလာထိုးသည်ကို ငါးကြိမ်ထိ ကြုံဖူးပြီး လူမိလျှင် ထွက်ပြေးသွားလေ့ရှိကြောင်း စမ်း ချောင်းမြို့နယ် လင်းလွန်းမြောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး အောင်လွင်က ပြောသည်။
‘‘နေ့ခင်းဘက်ကျ တိုက်အ တက်အဆင်း ၀င်ပေါက်က သော့ ခတ်မထားဘူး။ ဒီကောင်တွေက ဖွင့်ထား တဲ့ လှေကားတွေ လိုက် ချောင်းနေတာ။ တက်သွားပြီးရင် ဆေးထိုးတာတွေ စလုပ်တယ်။ အထမြောက်၊ မမြောက်တော့ မ သိဘူး။ အခန်းရှင်တွေတွေ့ရင် ထွက်ပြေးသွားတယ်’’ ဟု ၎င်းက ရှင်းပြသည်။
ကန်ထရိုက်တိုက်ခန်းများ တွင် နေထိုင်သူများအနေဖြင့် အ ထက်ပါဖြစ်စဉ်မျိုးဖြစ်ပါက စခန်း မှူးထံ တယ်လီဖုန်းဖြင့် ဆက် သွယ်ခြင်းဖြင့် ပူးပေါင်းဆောင် ရွက်သင့်ကြောင်း မြန်မာနိုင်ငံရဲ တပ်ဖွဲ့ ဦးစီးအရာ ရှိချုပ်ရုံးမှ ဒုရဲ အုပ် ရဲလင်းထိုက်က မှတ်ချက်ပြု သည်။
‘‘တစ်နေ့ တစ်နေ့ မူးယစ် ဆေးဝါးအမျိုးအစားတွေ ရုံးချုပ် ကို တက်တာ မျိုးစုံပဲ။ ကချင်၊ မန္တ လေး၊ စစ်ကိုင်းတိုင်း၊ ကလေး၊ တမူးဘက်တွေဆို မူးယစ်ဆေးအ များကြီးမိတာ’’ ဟု ၎င်းက ရှင်းပြ သည်။
ဦးအောင်လွင်က ‘‘တွေ့တဲ့ အချိန် ရဲကိုဖုန်းဆက်တော့လည်း ရဲက ချက်ချင်းလာဖို့ မလွယ်ဘူး။ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ ရဲတွေ နဲ့ တွေ့ဆုံဆွေးနွေးပွဲတုန်းက ရပ် ကွက်တွေမှာ ပုံမှန်ရဲကင်းထားပေး ဖို့ တင်ပြထားတယ်’’ ဟု ဆိုသည်။
‘‘အာရှတော်ဝင်နားက သီရိ မင်္ဂလာလမ်းဘက်မှာလည်း ထိုး တယ်။ အဲဒီဘက်က လမ်းကျယ် တယ်။ အိမ်တွေက ပိုက်ဆံရှိတဲ့ အိမ်တွေများတယ်။ တစ်ခါတစ် ခါ ဘောလုံးကန်ရင် ချုံတွေထဲမှာ ဆေးထိုးအပ်တွေ တွေ့ရတယ်’’ ဟု စမ်းချောင်းမြို့နယ် စမ်း မြောက်ရပ်ကွက်မှ လူငယ်တစ်ဦး က ဆိုသည်။
စမ်းချောင်းမြို့နယ်အပြင် မင်္ဂလာတောင်ညွန့်မြို့နယ် မင်္ဂ လာဈေးအနီးရှိ ရပ်ကွက်နေ ကန် ထရိုက်တိုက် များတွင်လည်း လူ ငယ်အချို့ မူးယစ်ဆေးဝါး လာ ရောက်သုံးစွဲမှုများရှိပြီး မူးယစ်ရဲ တပ်ဖွဲ့မှ လာဖမ်းသည် ကိုလည်း တွေ့ဖူးကြောင်း တိုက်ခန်းနေသူ အချို့က ပြောသည်။
ဇေနွေထွန်း | 7day

မှတ်ချက်များ