မသန်စွမ်း ဘ၀ကို ရောက်နေပေမယ့် ဘယ်တော့မှ အရှုံးမပေး ခဲ့တဲ့ အသက် (၂၃) နှစ် အရွယ် နီကိုးလ်ကယ်လီဟာ အမေရိ ကန် ပြည်ထောင်စု၊ အိုင်အိုဝါ ပြည်နယ်ရဲ့ အလှ မယ်ဆုကို ရရှိ သွားခဲ့ပါတယ်။
နီကိုးလ်ကယ်လီဟာ အခြားပြိုင်ပွဲဝင် များစွာ ကို ကျော်ဖြတ်ပြီး ၂၀၁၄ အလှမယ် ချန်ပီယံဆုကို ရယူနိုင် ခဲ့ခြင်း ဖြစ်ပါတယ်။ မွေး ရာပါ လက်တစ်ဖက် ပါဝင် ခြင်းမရှိခဲ့ပေ မယ့် တက္ကသိုလ်မှာ စီမံခန့်ခွဲ ဘာသာရပ်နဲ့ ဘွဲ့ရယူထားတဲ့ နီကိုးလ် ကယ်လီဟာ ဘ၀တူ မသန်စွမ်းသူတွေ အတွက် လေး စားအားကျစရာ ဖြစ် လာခဲ့ပါတယ်။
ဘာပဲလုပ်လုပ် ယုံကြည်မှု ထားလုပ်ကိုင်ခဲ့တဲ့ နီး ကိုးလ်ကယ်လီ ဟာ လက်ရှိအချိန်မှာတော့ နယူးယောခ်မြို့မှာ အခြေချပြီး လုပ်ငန်းခွင် ၀င်ရောက်လျက်ရှိပါ တယ်။
နီကိုးလ်ကယ်လီက ကျွန်မဟာ အလုပ်တစ်ခု လုပ်တိုင်း ချိန်ဆတွေးတော လုပ်လေ့ရှိပါတယ်။ စိတ်ညစ်စ ရာတွေ ရှိခဲ့ပေမယ့် အရှုံးမပေးခဲ့ပါဘူး။ အရာအားလုံးကို ကြိုးစားလုပ်ခဲ့လို့ ဘေ့ဘောကစားခြင်းကနေ ကခုန်ခြင်း၊ ဒိုင်ဗင်ထိုးခြင်းအထိ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်မအနေ နဲ့ ဘာမှမကြိုးစားရင် ဖြစ်လာမှာ မဟုတ်ပါဘူး လို့ ပြောသွားခဲ့ပါတယ်။
နီကိုးလ် ကယ်လီဟာ မသန်စွမ်းသင်တန်ကျောင်းတွေကို သွားရောက်ပြီး သူနဲ့ဘ၀ တူတွေကို အားပေးနှစ် သိမ့်ခဲ့ပါတယ်။ နီကိုးလ်ကယ်လီက မသန်စွမ်းဖြစ်နေတဲ့ သူတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံရန် အလွန်အရေး ကြီးကြောင်း၊ စိတ်ပိုင်း ဆိုင် ရာထိခိုက်မှုမရှိစေရေး အတွက် မိဘတွေကို သတိပေး မှုတွေ ပြုလုပ် သွားရ မည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
နီကိုးလ်ကယ်လီဟာ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
Messenger

မှတ်ချက်များ