ကြောင်ဘာသာစကားကိုကျွမ်းကျင်စွာပြောနိုင်တယ်လို့ဆိုတဲ့လူ
Louis Denyer ဆိုသူဟာ တိရိစ္ဆာန်တွေရဲ့ပါတ်ဝန်းကျင်မှာကြီးပြင်းခဲ့ပြီး သူတို့ရဲ့အပြုအမူတွေကိုလေ့ လာပြီးနောက်မှာ ကြောင်ဘာသာစကားကို ကျွမ်းကျင်စွာပြောဆိုနိုင်ပြီလို့ဆိုပါတယ်။
သူ့ကိုယ်သူ ကြောင်လူသားလို့ခေါ်တဲ့ ၂၉ နှစ်အရွယ် Louis ဟာ တိရိစ္ဆာန်ရဲ့ခန္ဓာကိုယ်ဘာသာစကား ကိုဖတ်၊ မျက်တောင်နှေးနှေးခတ်ပြီးဆက်သွယ်စကားပြောတာဖြစ်ပါတယ်။
မှတ်တမ်းဗီဒီယိုစီးရီးတွေကြည့်ပြီး ကြောင်တွေနဲ့ဆက်သွယ်နည်းကို သင်ယူခဲ့တဲ့ Mr Denyer က ‘ကြောင် ကို နှေးနှေး မျက်တောင်မခတ်ပြခင် ကျွန်တော့်ကိုကျွန်တော်အလွယ်တကူထိခိုက်ဒဏ်ရာရနိုင်တဲ့အနေ အထားနဲ့နေပေးရပါတယ်။ ဆယ်ကြိမ်မှာ ကိုးကြိမ်သူတို့ မျက်တောင်ပြန်ခတ်ပြပါတယ်။ ဒါဟာ သူတို့ကသင့် ကိုယုံကြည်ဖို့ဆန္ဒရှိနေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်’ လို့ပြောပါတယ်။
‘ကျွန်တော်က ကြောင်တစ်ကောင်ရဲ့ပြသနာတွေကိုဖြေရှင်းနိုင်တဲ့ ဗဟုသုတရှိတယ်လို့ အလွန်ပဲယုံကြည်မှု ရှိပါတယ်။ ဘယ်အရာကကြောင်တွေကိုသန်းတွယ်စေသလဲဆိုတာခင်ဗျားလေ့လာရပါမယ်’ လို့ပြောပါ တယ်။
Denyer ဟာကြောင်တွေနဲ့အတူကြီးပြင်းလာတာဖြစ်ပြီး သူ့ရဲ့သူမတူတဲ့ဆက်နွယ်မှုက ပြသနာရှိတဲ့တိရိ စ္ဆာန်တွေရဲ့ပိုင်ရှင်တွေကို ကူညီပေးနိုင်မယ်လို့ယုံကြည်နေပါတယ်။
သူကအခုအခါမှာ ကြောင်အပြုအမူဆိုင်ရာကျွမ်းကျင်သူလုပ်ငန်းကိုထူထောင်ပြီး သူ့ရဲ့ဝန်ဆောင်မှုတွေ ကိုပေးနေတာဖြစ်ပါတယ်။
‘ကျွန်တော်က ကြောင်တွေရဲ့အသက်ကိုကယ်ဖို့ဖြစ်ပါတယ်။ ဒါက ကျွန်တော်လုပ်နေတဲ့အရာတစ်ခုလုံးရဲ့ ရည်ရွယ်ချက်ပါ။ မမျှမတဆက်ဆံခံနေရတဲ့ကြောင်တွေ၊ အပြုအမူမှားယွင်းပြီး အပြစ်ပေးခံနေရ တဲ့ကြောင်ပြသနာတွေအများကြီးရှိတယ်လို့ခံစားရပါတယ်’ လို့သူကပြောပါတယ်။
Jack the Ripper | Trend Myanmar

မှတ်ချက်များ