အခုချိန်မှာ အသက် ၁၂ နှစ်ရှိပြီဖြစ်တဲ့ ဘန်ဝေလ်ဘီ ဆိုသူဟာ အသက်နှစ်နှစ် အရွယ်က Craniosynostosis ခေါ် ဦးခေါင်းခွံရိုး တစ်ခုနဲ့တစ်ခု ဆက်ရာမှာ ပုံမှန် မဟုတ်တဲ့ ရောဂါရှိမှန်း သိခဲ့ရပါ တယ်။
အဲဒီရောဂါကို ကုသမှုမခံယူရင် အသက်အန္တရာယ်ရှိ တာကြောင့် ဆေးရုံမှာ ကိုးနာရီကြာအောင် ဦးခေါင်းခွံကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဦးနှောက် ခွဲစိတ် ကုသမှုခံယူပြီးခါစက သူ့ကလေး ငယ်ဟာ ဘယ်တော့မှ လမ်းမလျှောက်နိုင်တော့ဘူး ဒါမှမဟုတ် စကားမပြောနိုင်တော့ဘူးလို့ မိဘတွေက ထင်ခဲ့ပါတယ်။
ဒါပေမဲ့ဆယ်စု နှစ်အကြာ အသက် ၁၂ နှစ်အရွယ်မှာ အပြည်ပြည်ဆိုင်ရာ အကပြိုင်ပွဲမှာ ဥရောပ အလွတ် ပြိုင်ပွဲအပါအဝင် အကပြိုင်ပွဲများစွာမှာ သူဟာ ချန်ပီယံဖြစ်ခဲ့တယ်လို့ သိရပါတယ်။
Craniosynostosis ခေါ်တဲ့ ရောဂါဟာ မွေးကင်းစကလေးငယ်တွေမှာ ဦးခေါင်းခွံရိုးဟာ အချိန်မတိုင်ခင် တစ်ခုနဲ့ တစ်ခု စောစောစီးစီးဆက်သွားတဲ့ အခြေအနေဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နို့စို့ ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ မွေးပြီးပြီးချင်း အလျင်အမြန် ကြီးထွားလာတတ် ပါတယ်။
ကိုးလအရွယ်မှာ အရွယ်နှစ်ဆခန့်ရှိသွားပြီး သုံးနှစ်အရွယ်မှာ သုံးဆခန့် ရှိသွားတတ်ပါတယ်။ ဦးနှောက်ကြီးထွား လာတာနဲ့အမျှ ဦးခေါင်းခွံကလည်း ချဲ့ကားလာရပါတယ်။
Craniosynostosis ခေါ်တဲ့ ရောဂါကြောင့် ဦးခေါင်းခွံဟာ မွေးပြီးပြီးချင်းမှာပဲ အရိုးတွေ တစ်ခုနဲ့တစ်ခု ဆက် သွားတဲ့အတွက် ကြီးထွားလာတဲ့ ဦးနှောက်နေရာရဖို့အတွက် ဦးခေါင်းပုံစံ ပုံမှန်မဟုတ်တာ ဒါမှမဟုတ် မျက်နှာအသွင်အပြင် ပုံမှန်မ ဟုတ်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ဒါ့အပြင် ဦးနှောက်အတွင်း ဖိအားတွေ မြင့်မားနိုင်တဲ့အတွက် မျက်စိအမြင် အာရုံဆုံးရှုံးတာ၊ အအိပ်နဲ့ အစာစားရာမှာ ပြဿနာဖြစ်တာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှု ပြဿနာတွေ ဖြစ်ပေါ်တတ်ပါတယ်။ ကလေး ၂၀၀၀ မှာ တစ်ယောက်နှုန်းဖြစ် ပေါ်တတ်ပါတယ်။
Good Health | ဒေါက်တာခင်မိုးမိုး

မှတ်ချက်များ