ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲကြည့်ဖို့ အတွက် တစ်နိုင်ငံလုံးကို နေ့ တစ်ဝက် နားရက်ပေးလိုက်တဲ့ ကိုလံဘီယာ သမ္မတ
ကိုလံဘီယာသမ္မတ Juan Manuel Santos ဟာ ဒီနေ့ နိုင်ငံလုံးအားလပ်ရက်အဖြစ် မနေ့ကသတ်မှတ်ပေး ခဲ့ပြီး ဒီနေ့ မှာ ကစားမယ့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်၊ အိမ်ရှင် ဘရာဇီးနဲ့ ပွဲကို အားပေးနိုင်ဖို့ အ တွက် ဖြစ်တယ်လို့  ဆိုပါတယ်။
ကိုလံဘီယာနိုင်ငံက အလုပ်သမားတွေဟာ ဒီနေ့ ရဲ့ နေ့ တစ်ဝက်ကိုပဲ အလုပ်လုပ်ရပြီး နိုင်ငံဂုဏ်ဆောင် ကိုလံဘီယာလက်ရွေးစင်အသင်းကို အားပေးဖို့ ပြင်ဆင်နိုင်ပြီဖြစ်ပါတယ်။
“ ကျွန်တော် အစိုးရလုပ်သားအားလုံးကို တရားဝင်အမိန့် ထုတ်ပြန်ချင်တာကတော့ မနက်ဖြန် သော ကြာနေ့  နေ့ လည်ဟာ ဘရာဇီးနဲ့ ကန်မယ့် ကစားပွဲကို လူတိုင်းကြည့်နိုင်အောင်လို့  ပြည်သူ့ အားလပ် ရက် ဖြစ်မယ်ဆိုတာပါပဲ။” ကောင်းလိုက်တဲ့သမ္မတ။
Angel | Trend Myanmar

မှတ်ချက်များ