အလုပ်မလုပ်ဘဲ ထိုင်စားနေသည့် ၂၉ နှစ်အရွယ် သားဖြစ်သူကို အိမ်ပေါ်မှမဆင်းသောကြောင့် မိဘများက တရားစွဲ
တရုတ်နိုင်ငံဘေဂျင်းမြို့မှာ မိဘတွေဟာ Xu Qing လို့ခေါ်တဲ့ သူတို့ရဲ့ ၂၉ အရွယ်သားကို တရားစွဲခဲ့ကြပါ တယ်။ဒီလိုစွဲရခြင်းဟာ တက္ကသိုလ်ကဘွဲ့ရပြီး ၇ နှစ်ကြာလာတာတောင်မှာ အိမ်ပေါ်ကဆင်းဖို့ ငြင်းဆိုနေ တာကြောင့်လို့ ifeng News က ဖော်ပြခဲ့ပါတယ်။
Xu ရဲ့ မိဘတွေဟာ ၁၉၈၀ ခုနှစ်မှာ လပ်ထပ်ခဲ့ကြပြီး နောက်ငါးနှစ်မှာ ကလေးရခဲ့ကြတာဖြစ်ပါတယ်။ ကလေးကို မွေးကတည်းက တောင်းသမျှပေးပြီး အလိုလိုက်ခဲ့တယ်လို့ ဆိုပါတယ်။ဘွဲ့ရပြီးတဲ့အခါမှာ Xu ဟာ အလုပ်ရဖို့ ခက်ခဲတယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် သူ့အဖေဟာ သူငယ်ချင်းဖြစ်သူရဲ့ကုမ္ပဏီ မှာ ပြောပေးခဲ့ပါတယ်။
သုံးလအကြာမှာ အလုပ်လုပ်ရတာ ပျင်းတယ်လို့ပြောပြီး အလုပ်ထွက်ကာ တစ်နေကုန်စားလိုက်အိပ်လိုက် အင်တာနက်သုံးလိုက် ပိုက်ဆံတောင်းသုံးလိုက်သာ လုပ်နေတယ်လို့ ဆိုပါတယ်။
၂၀၁၃ ခုနှစ်မှာ အင်တာနက်ကတွေ့တဲ့ ကောင်မလေးတစ်ယောက်ကို အိမ်ခေါ်လာပြီး အတူတူနေနေ ကြပါတယ်။
ဒီအချိန်ကြမှပဲ မိဘတွေကလည်း သူတို့သားကို ဆုံးမပါတယ်။ ဒါပေမဲ့ Xu က သူတို့ကို ယုံကြည်ချက် အပြည့်နဲ့ပြန်ပြောတာက“ကျွန်တော် အလုပ်မရှိဘူးဆိုရင်တောင်မှ တစ်ယောက်ယောက်ကို ချစ်ဖို့အခွင့် အရေး ကျွန်တော့်မှာရှိတယ်…. မိဘတွေအနေနဲ့ အဖေတို့က ကျွန်တော့်ကို ကြွေးဖို့တာဝန်ရှိတယ်”
Xu ရဲ့မိဘတွေလည်း ရွေးစရာလမ်း မရှိတော့တာကြောင့် သူတို့ပြဿနာကို Haidian တရားရုံးကိုသယ်လာ ခဲ့ ကြပါတယ်။
တရားရုံးက ရက်ပေါင်း ၆၀ အတွင်း မိဘတွေအိမ်က ထွက်သွားရမယ်လို့ Xu ကို အမိန့်ချခဲ့ပါတယ်။ ဒါပေမဲ့ Xu က လိုက်နာဖို့ငြင်းဆိုနေပါတယ်။
ဒါကြောင့် မိဘတွေက သူတို့သားကိုထွက်သွားစေရေးအတွက် ဖိအားပေးရန် တရားကို ထပ်မံတောင်းဆို ခဲ့ကြပါတယ်။
ဥပဒေအရ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်ပြီး အလုပ်လုပ်ဖို့ငြင်းဆန်နေတဲ့ သားဖြစ်သူကို မိဘတွေက ဆက်လက် ထောက်ပံ့စရာမလိုပါဘူး။ အိမ်ကလည်း မိဘတွေရဲ့နာမည်နဲ့ ဖြစ်တာကြောင့် သားဖြစ်သူကို နှင်ချလို့ရပါတယ်။
ဒီသတင်းနဲ့ပက်သက်ပြီး တရုတ်အင်တာနက်အသုံးပြုအချို့က မိဘတွေကို အပြစ်တင်ခဲ့ကြပြီး သားဖြစ်သူ ကို ငယ်ငယ်ကတည်းက အလိုလိုက်ဖျက်ဆီးခဲ့တာကြောင့် လို့ဆိုပါတယ်။
photytaw

မှတ်ချက်များ