မက္ကဆီကိုနိုင်ငံရဲ့ တံငါမြို့လေးတစ်မြို့ဖြစ်တဲ့ San Pedro Huamelula မြို့လေးရဲ့ မြို့တော်ဝန် Joel Vasquez ဟာ ရေငံ မိကျောင်းခေါင်းရှည်မ တစ်ကောင်နဲ့ လက်ထပ်ပွဲ ကျင်းပခဲ့ပါတယ်။
လက်ထပ်ပွဲမကျင်းပမီ အဖြူရောင်သတို့သမီး ၀တ်စုံဆင်မြန်းထားတဲ့ မိကျောင်းမကို သယ်ဆောင်လာတဲ့ လူအုပ်ကြီးဟာ မြို့တွင်းမှာ လှည့်လှည်ခဲ့ ပါတယ်။
” ဒီလို ငယ်ရွယ်တဲ့ မင်းသမီးနဲ့ လက်ထပ်ရတာဟာ ကျွန်တော်ရဲ့ ဆန္ဒမှန်ပါ ” လို့ သတို့သားဖြစ်တဲ့ မြို့တော်ဝန်က မင်္ဂလာအခမ်းအနားမှာ ပြောကြားခဲ့ပြီး သတို့သမီးကို သူလက်မောင်းပေါ်တင်ပြီး ပြခဲ့ပါတယ်။
မင်္ဂလာအခမ်းအနား ကုန်ကျစရီတ်ကို ဒေသကောင်စီက ကျခံခဲပြီး ဒီအခမ်းအနားဟာ ငါးဖမ်းလုပ်ငန်း နဲ့ အဓိက အသက်မွေးဝမ်းကျောင်းနေတဲ့ ဒီဒေသရဲ့ ရိုးရာအစဉ်အလာတစ်ရပ် အဖြစ် ကျင်းပတာဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ ဒီလိုမျိုး ရိုးရာမင်္ဂလာအခမ်းအနားပြုလုပ်ခြင်းဖြင့် အဲဒီဒေသမှာ ငါးပုဇွန်တွေ ပိုမိုဖမ်းဆီးရမိနိုင်တယ်လို့ ယုံကြည်ကြလို့ ဖြစ်ပါတယ်။
Yangon Media Group

မှတ်ချက်များ