အစ္စရေးသို့ အမေရိကန်နှင့် ဥရောပ လေယာဉ်များ မပျံသန်းတော့


အစ္စရေး ဘန်ဂူရီယမ် လေဆိပ် တစ်မိုင်အကွာတွင် ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့၍ အမေရိကန်နှင့် ဥရောပ လေကြောင်းလိုင်းများ လေကြောင်း ခရီးစဉ်များ ဆိုင်းငံ့လိုက်သည်ဟု ဇူလိုင် ၂၃ရက်က အေအက်ဖ် ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန် လေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း သုံးခု ဖြစ်သည့် အစ္စရေး၊ ဒယ်တာ ယူနိုက် တက်နှင့် ယူအက်စ်အဲဝေးကို ၂၄ နာရီ ပျံသန်းမှု ဆိုင်းငံ့ကြောင်းကို အမေရိကန် ဗဟိုမြို့ပြ လေကြောင်း အုပ် ချုပ်ရေး FAA အမိန့်ချမှတ်သည်။

ဥရောပ လေကြောင်း စည်းကြပ်မှုဌာနကလည်း အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့သို့ မပြေးဆွဲရန် တိုက် တွန်း ဆော်သြလျက်ရှိသည်။ အဆိုပါ ဆိုင်းငံ့မှုကြောင့် အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုက အစ္စရေး သို့ လေယာဉ် ပြန်ပေးဆွဲရန် အမေရိကန်သို့ တိုက်တွန်းမည် ဖြစ်သည်။

ပဋိပက္ခ ဒေသတွင်း လေယာဉ်များ ပြေးဆွဲမှု လုံခြုံရေး အန္တရာယ်ကြောင့် တားမြစ် မိန့်ထုတ်ထားခဲ့ရသည့် FAA ၏ ကန့်သတ်မိန့်ကို ရုပ်သိမ်းပေးရန် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီကို နေတန်ယာဟုက တိုက်တွန်းသည်။

“ဘန်ဂူရီယမ် လေဆိပ်က ဘေးကင်းလုံခြုံပြီး အစောင့်အကြပ် တွေရှိပါတယ်။ အမေရိကန် ကုမ္ပဏီများအနေ နဲ့ လေယာဉ် မပြေးဆွဲတော့ဘူး ဆိုတဲ့ ဘယ်လိုအကြောင်း ယုတ္တိမှ ရှိမနေပါဘူး” ဟု အစ္စရေး သယ်ယူ ပို့ဆောင်ရေး ၀န်ကြီးဌာနက ထုတ်ပြန်သည်။ တဲလ်အဗစ်သို့ အသွားအပြန် လေယာဉ်ပြေးဆွဲမှု များ ရှောင် ကြဉ်သင့်သည်ဟု အပြည့်အ၀ ထောက်ခံကြောင်း ဥရောပ မြို့ပြ လေကြောင်း ဘေး ကင်းရေး အေဂျင်စီ EASA က ပြောသည်။

ထိုသို့ အေဂျင်စီ မထုတ်ပြန်ရသေးမီ ဆွစ်ဇာလန်၊ ဂျာမနီနှင့် သြစတြေးလျ လေကြောင်းလိုင်းများ ပါဝင်သည့် လုမ်သန်စာလေကြောင်းလိုင်းက အစ္စရေးသို့ ပျံသန်းမှုများကို ဆိုင်းငံ့ထားရန် နှစ်ရက်အကြာကပင် ဆုံးဖြတ် ချက်ခဲ့သည်။

Mizzima News



မှတ်ချက်များ