ပြစ်မှုဆိုင်ရာ အမှုများကို တရားစွဲဆို တင်ပို့နိုင်ရန်အ တွက် ပြည်သူ့ရဲတပ်ဖွဲ့စခန်းမှ အမှုကို တည်ေ ဆာက်ပြီး သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းစသည့် ဥပဒေရုံးများထံ တင်ပြရပါသည်။ ဥပဒေရုံးမှ မည်သူ့ ကို မည်သည့် ပုဒ်မဖြင့် တရားစွဲ ဆိုသင့်ကြောင့် အကြံပေးပြီးရဲစခန်းသို့ ပြန်လည် ပေးပို့ရလေ့ရှိ သည်။
ပြစ်မှုဆိုင်ရာ အမှုများကို တရားစွဲတင်ပို့ရာ၌ တရားစွဲ အဖွဲ့အစည်း (ဥပဒေရုံး) များသည် အမှန်တကယ် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သူ အားလုံးကို တိကျ စွာ ဖော်ထုတ်၍ အထောက်အထား အပြည့်အ စုံနှင့်တကွ ဥပဒေနှင့်အညီ တရားစွဲတင်ပို့ရန် လိုအပ်ပါသည်။ အထူးသဖြင့် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်း လဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ တရားစွဲဆို တင်ပို့မှုများ အပါအ၀င် နိုင် ငံတော်နှင့် ဆက်နွှယ် သည့် ပြစ်မှုများ၊ ရပ်ရွာ အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေ သည့် ပြစ်မှုများတွင် မိမိတို့ တရားစွဲဆို တင်ပို့ပြီးလျှင် တာဝန်ကျေပြီဟု မမှတ်ယူသင့်ပါ။
အမှန်တကယ် အပြစ်ရှိသူကို တရားစွဲခွင့် ပြုသည်ထက် ပြစ်မှုကျုးလွန်ခြင်း မရှိသူကို တရားစွဲဆိုရန် ခွင့်ပြုမိခဲ့ပါက တရားစီရင်ရေး အပေါ် ပြည်သူများက အမြင်မကြည်လင်မှု၊ ဝေဖန်မှုများ ပေါ်ပေါက် လာနိုင်ကြောင်း သတိပြုသင့်ပါသည်။ အမှုနှင့် သက်ဆိုင်ခြင်း မရှိသူအား တရားစွဲဆို တင်ပို့ရန် မသင့်ကြောင်း၊ ရဲရဲဝံ့ဝံ့ အကြံပေး မှတ်ချက်ပြုရန်၊ ယခင်တရားစွဲ အဖွဲ့အစည်းနှင့် ယခု ဥပဒေရုံးများတွင် တာဝန်ရှိပါသည်။ နိုင်ငံတော်၏ တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေး ကဏ္ဍတွင် တရားစွဲ အဖွဲ့အ စည်းဖြစ်သည့် ဥပဒေရုံး အဆင့်ဆင့်တို့သည်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။
၁၂-၉-၁၉၉၄ နေ့ ၁၃း၁၅ နာရီအချိန်ခန့်တွင် မူးယစ်အဖွဲ့မှ ရဲတပ်ကြပ် သိန်းဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များ တာမွေမြို့နယ်၊ အောင်မင်္ဂလာလမ်းမှ ရပ်ကွက်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ဝင်များသည် မင်္ဂလာလမ်းရှိ မတင်တင်ဦး၏ လမ်းဘေး မီးသွေးဆိုင်သို့ သတင်းအရ ၀င်ရောက် ရှာဖွေသည်။ ဆိုင်ခန်းအောက် သေတ္တာအတွင်းမှ သတင်းစာစက္ကူဖြင့် ထုတ်ထားသော အထုပ်ကလေးများထဲ မှ ဆေးခြောက် စုစုပေါင်း အလေးချိန် (၁၈၆.၅၆) ဂရမ်၊ တန်ဖိုးငွေကျပ် (၁၀၀၀) ကို သိမ်းဆည်းရမိခဲ့သည်။
ထို့ကြောင့် တပ်ကြပ်သိန်းဝင်းက တရားလိုပြုလုပ်ကာ ဆေးခြောက်ရောင်းချသူ ၀င်းအောင်နှင့် ဆေးခြောက် ရောင်းသူအား လက်ခံထားသူ ဆိုင်ရှင် မတင်တင်ဦးတို့အား အရေးယူပေးရန် တိုင်ကြားခဲ့သည်။ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးပြစ်မှုကြီး အမှတ် ၃၆၄/၉၃ တွင် နှစ်ဘက် သက်သေများ စစ်ဆေးပြီးနောက် တရားခံ ၀င်းအောင်အား မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါး များဆိုင်ရာ ဥပဒေ ပုဒ်မ- ၁၉ (က) အရ ထောင်ဒဏ် (၁၃) နှစ် နှင့် မတင်တင်ဦးအား ပုဒ်မ ၁၉(က)/၂၁ အရ ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
မတင်တင်ဦးက ၎င်းအပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တရားရုံးချုပ်သို့ အယူခံတက်ရောက်ခဲ့ရာ အယူခံမှု အမှတ်-၃၅၁/၉၄ ဖြင့် တရားရုံးချုပ်က လက်ခံပြီး အောက်ပါအတိုင်း အမိန့်ချ မှတ်ခဲ့သည်။
မတင်တင်ဦး၏ အယူခံ အကြောင်းပြချက်တွင် အချင်းဖြစ်မီးသွေးဆိုင်သို့ ရဲများကြိုတင် ရောက်ရှိနေပြီး ရ.၀.တ အဖွဲ့ဝင် ဦးချစ်ရွှေ ရောက်ရှိချိန်တွင် မီးသွေးရောင်းသူ ဆိုင်ရှင် မတင်တင်ဦး မရှိဘဲ ၎င်း၏ ခင်ပွန်း မောင်ဝင်းအောင်မှာ ဆိုင်နောက်ဘက်တွင် အိပ်ပျော်နေကြောင်း၊ မီးသွေးဆိုင် ခုံအောက်ရှိ သေ တ္တာမှာ သော့မခတ်ထားကြောင်း၊ မောင်ဝင်းအောင်နှင့် မတင်တင်ဦး တို့က ၎င်းတို့ ပစ္စည်းမဟုတ် ဟု ငြင်းဆိုခဲ့ကြောင်း၊ နောက်ပိုင်းတွင် မောင်ဝင်းအောင်က ၎င်း၏ပစ္စည်းဟု ၀န်ခံသဖြင့် ရှာဖွေပုံစံပေါ် တွင် မောင်ဝင်းအောင်က လက်မှတ်ရေးထိုး ပေးခဲ့သဖြင့် မောင်ဝင်းအောင်တွင်သာ တာဝန်ရှိကြောင်း၊ မတင်တင်ဦး အနေဖြင့် ပစ္စည်းပေး အပ်ခဲ့ခြင်းမရှိ၍ ၎င်းအပေါ် မူလရုံးက ချမှတ်ခဲ့သည့် ပြစ်ဒဏ်ကို ပယ်ဖျက်ပေးသင့်ကြောင်း တင်ပြသည်။
တရားရုံးချုပ်မှ သုံးသပ်ရာတွင် မတင်တင်ဦး၏ လမ်းဘေး မီးသွေးဆိုင်တွင် မီးသွေး တင်ရောင်းသော စားပွဲအောက်တွင် ထားသည့် ထင်းရှူးသေတ္တာ အတွင်းမှ သက်သေခံ ဆေးခြောက်များ ကို တွေ့ရှိကြောင်း၊ ရှာဖွေချိန်တွင် ဆိုင်သို့ ရောက်ရှိနေသူ မတင်တင်ဦး ၏ ယောက်ျား မောင်ဝင်းအောင်က ၎င်း၏ ပစ္စည်းဖြစ် သည်ဟု ၀န်ခံပြောဆို၍ ရှာဖွေပုံစံဖြင့် သိမ်းဆည်း ခဲ့ကြောင်း၊ ရ၀တ အဖွဲ့ဝင် ဦးမြသန်းက ထိုနေ့က နေ အိမ်၌ရှိစဉ် ရ၀တ ရုံးကခေါ်သဖြင့် ရုံးသို့လိုက်သွားကြောင်း၊ ရဲတပ်ကြပ် သိန်းဝင်းနှင့်တွေ့ရာ ၎င်းက အကူအညီ တောင်းသဖြင့် မတင်တင်ဦးကို သွားခေါ် လာခဲ့ကြောင်း ရ.၀.တ ရုံးတွင် သတင်းစာ စက္ကူဖြင့် ထုတ်ထားသော အထုတ် (၁၄) ထုတ်ကို သိမ်းဆည်းရာတွင် ရှာဖွေပုံစံ၌ သက်သေအဖြစ် လက်မှတ်ရေး ထိုး ပေးခဲ့ရသည်ဟု ထွက်ဆိုထားသည်။
မတင်တင်ဦးက တရားခံ ၀င်းအောင်နှင့် ကွဲကွာနေသည်မှာ တစ်နှစ်ခန့်ပင် ရှိပြီဖြစ်ကြောင်း၊ ထိုနေ့က မောင် ၀င်းအောင်က ၎င်းနှင့် ပြန်ပေါင်းရန် ဆိုင်သို့လာ ရောက်ပြောဆိုရာ မိမိကမပေါင်းနိုင်ဟု ပြောသဖြင့် ရန်ဖြစ်ကြောင်း၊ မရင်နွဲ့ဆိုသူက ဖျန်ဖြေပေးပြီး မရင်နွဲ့ဆိုင်တွင် ရှိနေစဉ် ရပ်ကွက်လူကြီး တစ်ဦးလာခေါ်၍ ဆိုင်သို့ လိုက်ပါလာကြောင်း သက်သေခံ ပစ္စည်းမှာ ၎င်းင်း၏ ပစ္စည်းမဟုတ်ကြောင်း၊ ဆိုင်သို့ ၀င်းအောင်လာ စဉ် က ငါးသုံးလုံး တံဆိပ်ပါ ကြွပ်ကြွပ်အိတ် တစ်လုံးကို ၀င်းအောင် ကိုင်လာသည်ကို တွေ့ရကြောင်း ထုချေ တင် ပြသည်။
ယခုအမှုတွင် သက်သေခံပစ္စည်း ရှာဖွေစဉ်က မတင်တင်ဦး ဆိုင်တွင်မရှိပေ၊ ဆိုင်တွင် သက်သေခံ ပစ္စည်းသိမ်းပြီးမှ ခေါ်၍ ရောက်လာခြင်း ဖြစ်သည်။ ရ၀တ အဖွဲ့ဝင် ဦးမြသန်း ထွက်ချက်အရလည်း ပစ္စည်း များ သိမ်းဆည်းသည့် အခါမှသာ မတင်တင်ဦး ရောက်ရှိလာသည်ဟု အမှုတွဲတွင် ပေါ်ပေါက်သည်။
ထင်ရှူး သေတ္တာကိုလည်း သော့ခတ် မထားကြောင်း တပ်ကြပ်သိန်းဝင်းက ထွက်ဆိုထားသည်။ မူလက မောင်ဝင်းအောင် နှင့် မတင်တင်ဦးတို့ နှစ်ယောက်စလုံးက ၎င်းတို့၏ ပစ္စည်းမဟုတ်ကြောင်း ငြင်း ဆိုထားကြ သော်လည်း နောက်ပိုင်းတွင် မောင်ဝင်းအောင်က ၎င်း၏ ပစ္စည်းဖြစ်ကြောင်း ၀န်ခံ၍ ရှာဖွေပုံ စံပေါ်တွင် လက်မှတ်ရေးထိုးပြီး အပ်ပေးခဲ့သည်ကို တွေ့ရသည်။ မတင်တင်ဦးက ရှာဖွေပုံစံပေါ်တွင် လက်မှတ်ရေးထိုးပြီး ပေးအပ်ခဲ့ခြင်း မရှိပေ။
သို့ဖြစ်၍ အချင်းဖြစ်နေ့က မတင်တင်ဦးဆိုင်တွင် ရှာဖွေတွေ့ရှိခဲ့သော သက်သေခံ ဆေးခြောက်ထုတ်များ ကို မောင်ဝင်းအောင်က ထင်းရှူးသေတ္တာထဲတွင် ထည့်ထားခြင်း သာလျှင်ဖြစ်သည်ဟု ကောက်ယူ သုံးသပ် ပါက ပိုမို၍ မှန်ကန်မျှတမှု ရှိမည်ဖြစ်ပေသည်။ ထို့ကြောင့် မူလ ရန်ကုန် အရှေ့ပိုင်း တရားရုံးတော်က မောင် ၀င်းအောင်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က) အရ အလုပ်နှင့် ထောင်ဒဏ် (၁၃) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ ခြင်းဖြစ်သည်။
မောင်ဝင်းအောင် နှင့် မတင်တင်ဦးတို့အား မူးယစ် ဆေးဝါး သုံးစွဲထားမှု ရှိ/မရှိ စစ်ဆေးရာတွင် မောင် ၀င်းအောင်သည် ယခင်က မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း ၀န်ခံပြောဆိုသည်။ ယခုစစ်ဆေးသည့် အချိန် တွင် မူးယစ်ဆေးဝါး သုံးစွဲခြင်းမရှိပါဟု ဖော်ပြထားပြီး မတင်တင်ဦးနှင့် ပတ်သက်၍လည်း မူးယစ်ဆေးဝါး သုံးစွဲခြင်း မရှိဟု သက်ဆိုင်ရာ ဆရာဝန်မှအကြောင်း ပြန်ကြားထားသည် ကိုလည်း တွေ့ရှိရသည်။ အယူခံတရားလို မတင်တင်ဦး နှင့် ပတ်သက်၍ သက်သေခံ ပစ္စည်း ဆေးခြောက်ထုပ်များကို တွေ့ရှိစဉ်က အချင်းဖြစ် မီးသွေးဆိုင်ရှင်ဖြစ်သူ မတင်တင်ဦး သိရှိနိုင်မည် မဟုတ်သဖြင့် ၎င်းအား ဆေးခြောက်များ လက်ဝယ်ထားရှိရာတွင် အားပေးကူညီသူဟု ယူဆနိုင်ရန် သက်သေခံချက်များ အမှုတွဲ၌ မတွေ့ရှိရပေ။
ထို့ကြောင့် ဤအယူခံမှုကို လက်ခံပြီး ရန်ကုန်တိုင်းဒေသကြီး တရားရုံး (အရှေ့ပိုင်းခရိုင်) ၏ အယူခံ တရားလို မတင်တင်ဦး အပေါ် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ ပြစ်မှုထင်ရှား တွေ့ရှိခြင်းနှင့် ၎င်းအပေါ် ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် ချမှတ်ထားသော အမိန့်ကို ပယ်ဖျက်ပြီး အမှုမှအပြီး အပြတ်လွှတ်ရန် အမိန့်ချမှတ်ခဲ့သည်။
မတင်တင်ဦးအမှုက လွတ်သွားပါပြီ။ ဒါပေမယ့် အမှုစတင်ဖြစ်ပွားတဲ့ (၁၂-၉-၁၉၉၃) နေ့မှ တရားရုံးချုပ်က အမိန့်ချမှတ်သည့် ၁၉၉၄ ခုနှစ် အထိ အချုပ်အနှောင် ခံခဲ့ရသည်။ မူလရုံး တရားသူကြီး တချို့ကတော့ တရားခံတစ်ယောက်ကို လွှတ်ရမှာထက် ပြစ်ဒဏ်ချမှတ် လိုက်ခြင်းက တာဝန်ကင်းသည်ဟု ယူဆကြသည်။ ထို့အတူ ဥပဒေ အရာရှိများကလည်း အရေးကြီးသော မူခင်းများတွင် တရားခံများ အနက်မှ တရားစွဲဆို တင်ပို့ရန် မသင့်သည့် တရားခံများကို စိစစ်ခြင်းမပြုဘဲ တရားခံအားလုံးကို တရားစွဲတင်ပို့သင့်ကြောင်း အကြံပေးလိုက်ခြင်းကြောင့် တရားခံတချို့ နစ်နာခဲ့ကြရသော သာဓက များရှိခဲ့သည်။ ယခုအမှုတွင် မတင်တင်ဦးသည် ၎င်း၏ မီးသွေးဆိုင်မှ မူးယစ်ဆေးဝါး တွေ့ရှိသည်မှာ မှန်သော်လည်း ခင်ပွန်းဖြစ်သူ တရားခံ ၀င်းအောင်က ၎င်း ပစ္စည်းဖြစ်ကြောင်း ၀န်ခံပြီး ရှာဖွေပုံစံဖြင့် အပ်ပေးထားပါလျက် မတင်တင်ဦး အား ပုဒ်မ၁၉ (က)/၂၁ အားပေးကူညီမှုဖြင့် တရားစွဲဆို တင်ပို့ရန် ဥပဒေ အကြံပေးခဲ့ခြင်းသည် မှန်၊ မမှန် မေးခွန်းထုတ်စရာ ဖြစ်သည်။
တရားမစွဲမီ ဥပဒေ အကြံဉာဏ်ကို မှန်ကန်မျှတစွာ ပေးနိုင်ရန် ဥပဒေ အရာရှိများအနေနှင့် တရားစွဲဆိုမည့် ဥပဒေပုဒ်မပါ ပြစ်မှုအင်္ဂါရပ်များ၊ သက်သေ ထွက်ဆိုချက်များကို လေ့လာစိစစ်ရန် လိုအပ်သည်။ ပြီး ပြီးရော တရားရုံးကျမှ လွှတ်ချင်လွှတ်ဆိုသည့် သဘောနှင့် ပြီးစလွယ် အကြံဉာဏ် ပေးခဲ့ကြခြင်းကြောင့် ယခုကဲ့သို့ အဆင့်မြင့် ရုံးများသို့ရောက်မှ လွှတ်ပေးနေရခြင်းကို တွေ့မြင်နေရသည်။ ထို့အပြင် အချို့သော ဥပဒေ အရာရှိများက လိုရာဆွဲပြီး ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုပေါ့စေသောပုဒ်မများ၊ အမှုပိုမိုကြီးလေးစေသော ဥပဒေပုဒ်များကို ပြောင်းလဲပြီး အကြံဉာဏ် ပေးနေခြင်းကြောင့် တရားရုံးမှ ပုဒ်မများပြောင်းပြီး အပြစ်ပေးနေခြင်းကိုလည်း တွေ့နေရသည်။
တတိယမဏ္ဍိုင်ဖြစ်သော တရားစီရင်ရေး ကဏ္ဍအား တည့်မတ်အောင် ထိမ်းသိန်းရမည့် ဥပဒေ အရာရှိများ၏ အခန်းကဏ္ဍသည် အလွန် အရေးပါခြင်းကြောင့် ဥပဒေအကြံဉာဏ်များ မှန်မှန်ကန် ကန် ပေးကြရန်၊ အမှုလိုက်သည့် နေရာနှင့်အယူခံမှု၊ ပြင်ဆင်မှုများတွင်လည်း မိမိသဘောထား ကို ရဲရဲဝံ့ဝံ့ တင်ပြကြရန် တိုက်တွန်းရင်း တရားရုံးချုပ်၏ ၁၉၉၄ ခုနှစ် ပြစ်မှုဆိုင်ရာ အယူခံအမှတ် ၃၅၁ မတင်တင် ဦး နှင့် ပြည်ထောင်စု မြန်မာနိုင်ငံတော် အမှုကို သိမှတ်ဖွယ်ရာအဖြစ် ရေးသား တင်ပြလိုက်ရပါသည်။
The messenger

မှတ်ချက်များ